အင်္ဂလန်အသင်း၏ ဆိုးရွားသည့် ယူရိုစံချိန်ကို ရွန်နီ ခြေဖျက်လို

အင်္ဂလန်အသင်း၏ ဆိုးရွားသည့် ယူရိုစံချိန်ကို ရွန်နီ ခြေဖျက်လို

ဇွန် ၂၄၊ ပြင်သစ် ။             ။ အင်္ဂလန်အသင်းခေါင်းဆောင်ရွန်နီက အင်္ဂလန်အသင်း၏ ဆိုးရွားသည့်ယူရိုစံချိန်ကို ယခုပြိုင်ပွဲတွင် ချိုးဖျက်လိုကြောင်း ပြောဆိုလိုက်သည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲသမိုင်းတွင် ၁၉၆၈ နှင့် ၁၉၉၆ နှစ်ကြိမ်သာ ဆီမီးဖိုင်နယ်သို့ အမြင့်ဆုံးတက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲသို့ တစ်ကြိမ်မှ မတက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၁၉၉၆ ခုနှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီးနောက် အုပ်စုပြိုင်ပွဲမှ သုံးကြိမ်ထွက်ခဲ့ရကာ ၂၀၀၈ ခုနှစ်က ခြေစစ်ပွဲ မအောင်မြင်ခဲ့ပေ။

ရွန်နီမှာလည်း ၂၀၀၃ ခုနှစ်က အင်္ဂလန်အသင်းတွင် စတင်ပွဲထွက်ခွင့်ရပြီးနောက်ပိုင်း အဓိကပြိုင်ပွဲကြီး ခြောက်ကြိမ် ယှဉ်ပြိုင်ခဲ့ရာတွင် ၂၀၀၆ ကမ္ဘာ့ဖလား၌ တစ်ကြိမ်သာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

‘ကျွန်တော် အင်္ဂလန်အသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲကြီးတွေမှာ ရလဒ်တွေက စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ယူရိုပြိုင်ပွဲမှာ တစ်ကြိမ်မှ ရှုံးထွက်အဆင့်မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ စံချိန်ဆိုးတွေကို ချိုးဖျက်နိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။ ဒါက ခက်ခဲမှာ ဖြစ်ပေမယ့် ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိနေပြီး ယုံကြည်မှုလည်း ရှိနေပါတယ်’ ဟု ရွန်နီက ပြောဆိုခဲ့သည်။

အိုက်စလန်နှင့်ကစားရမည့် ရှုံးထွက်ပွဲစဉ်အတွက် ပင်နယ်တီလေ့ကျင့်နေကြောင်းလည်း ရွန်နီက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly