ဇွန် ၂၄၊ ပြင်သစ် ။ ။ ယူရို ၂၀၁၆ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်တို့ဟာ ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်နေတဲ့ အာဖရိကန်ကလေးငယ် ၂၂ ဦးအတွက် လှူဒါန်းမှု ပြုလုပ်ခဲ့ကြပါတယ်။
BigShoe11 လို့ အမည်ရတဲ့ ပရဟိတအစီအစဉ်မှာ ကမ္ဘာကျော်ကွင်းလယ်ကစားသမားနှစ်ဦးက သူတို့ကိုယ်ပိုင်ငွေတွေနဲ့ လှူဒန်းမှု ပြုလုပ်ခဲ့ကြတာပါ။ ဂျာမန်ကွင်းလယ်လူအိုဇေးလ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဒီလို လှူဒန်းမှုတစ်ခုကို ပြုခဲ့ပါသေးတယ်။
‘ခွဲစိတ်ကုသဖို့လိုအပ်နေတဲ့ ကလေးငယ် ၂၂ ဦးကို ဆေးအဖွဲ့က အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပါပြီ။ ဒီလိုကူညီဖို့ အခွင့်အရေးရခဲ့တဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်’ လို့ အိုဇေးလ်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် အိုဇေးလ်က ‘ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရလို့ ပျော်ပါတယ်။ ယူရိုပြိုင်ပွဲကာလအတွင်းမှာ လိုအပ်နေတဲ့ ကလေးငယ် ၁၁ ဦးအတွက် လှူဒါန်းခဲ့ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ကစားသမား ၁၁ ယောက်ပါ။ ဒီအသင်းက ကျွန်တော်အကြိုက်ဆုံးအသင်းပါပဲ’ လို့ အိုဇေးလ်က ပြောခဲ့ပါသေးတယ်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း