လူ ၉၀ ကျော် မိုးကြိုးပစ် သေဆုံးခြင်းအတွက် အိန္ဒိယအစိုးရအား လယ်သမားများ တောင်းဆို

လူ ၉၀ ကျော် မိုးကြိုးပစ် သေဆုံးခြင်းအတွက် အိန္ဒိယအစိုးရအား လယ်သမားများ တောင်းဆို

အိန္ဒိယနိုင်ငံတွင် နှစ်ရက်အတွင်း မိုးကြိုးပစ်၍ လူပေါင်း ၉၃ ဦးသေဆုံးခြင်းအတွက် အစိုးရက အရေးတယူ လုပ်ကိုင်ဆောင်ရွက်ရန် နိုင်ငံအရှေ့ပိုင်းက လယ်သမားများက တောင်းဆိုနေသည်။

မိုးကြိုးမုန်တိုင်းကြောင့် ဘီဟာပြည်နယ်တွင် လူပေါင်း ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရသူက ၂၈ ဦးရှိပြီး ဥတာပရာဒေ့ရှ်၊ ဂျာ့ဟတ်ကန်နှင့် မဒဟာပရာဒေ့ရှ်ပြည်နယ်တို့တွင် နောက်ထပ် လူပေါင်း ၃၇ ဦး  သေဆုံးခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

"အလုပ်ကတော့ မပြတ်ခံလို့ မရတဲ့ ဘဝပါ။ ရာသီဥတုအခြေအနေပေးတုန်း လယ်လုပ်ရတာကြောင့် အလုပ်ကို ရပ်လို့ မရနိုင်ဘူး။ မိုးတိမ်တွေ ထူထပ်လာလာ၊ လျှပ်စီးတွေပဲ လက်နေနေ ကျွန်တော်တို့မှာ ကြောက်ကာ လန့်ကာ အလုပ်လုပ်နေရတာပဲဖြစ်ပါတယ်။"ဟု ဘီဟာပြည်နယ်က လယ်သမားတစ်ဦးက ပြောသည်။

မိုးကြိုးထိမှန်၍ သေဆုံးသူ၏ မိသားစုအသီးသီးကို တစ်စုလျှင် ရူပီး လေးသိန်း ထောက်ပံ့သွားရန် အစိုးရက ကြေညာထားသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း မိုးကြိုးပစ်၍ လူပေါင်း ၂၅၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း အမျိုးသားရာဇဝတ်မှု မှတ်တမ်းဗျူရို၏ အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly