အိန္ဒိယတွင် မိုးကြိုးပစ်၍ လူ ရ၀ ကျော် သေဆုံး

အိန္ဒိယတွင် မိုးကြိုးပစ်၍ လူ ရ၀ ကျော် သေဆုံး

နယူးဒေလီ၊ ဇွန် ၂၂ ။                ။ အိန္ဒိယနိုင်ငံ ဘီဟာ၊ ဂျာ့ဟန်းနှင့် မဒဟာပရာဒေ့ရှ်ပြည်နယ်များတွင် မိုးကြိုးထိမှန်၍ လူပေါင်း အနည်းဆုံး ၇၉ ဦး သေဆုံးမှုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဘီဟာပြည်နယ်တွင် သေဆုံးသူဦးရေက ၅၃ ရှိပြီး ဂျာ့ဟန်းတွင် ဆယ်ဦးနှင့် မဒဟာပရာဒေ့ရှ်ပြည်နယ်တွင် ၁၆ ဦးရှိသည်။

သေဆုံးသူအများစုမှာ ဇွန် ၂၁ ရက်က မိုးသည်းထန်စဉ် လယ်အလုပ်လုပ်ကိုင်နေကြသည့် သူများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြင်းထန်သည့် မုတ်သုံရာသီအတွင်း မိုးကြိုးပစ်ခြင်းများက အိန္ဒိယတွင် အမြဲတစေဖြစ်ပွားသည်။

ဘီဟာပြည်နယ်အတွင်း မိုးကြိုးပစ်ခံရကာ သေဆုံးမှုများက နာလန်ဒါ၊ ဥရန်ဂါဘတ်၊ ရိုတက်စ်နှင့် ဂါယာစသည့် ဒေသများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

၂၀၀၅ ခုနှစ်မှစကာ နှစ်စဉ် အိန္ဒိယ၌ မိုးကြိုးပစ်ခံရ၍ သေဆုံးသူပေါင်းသည် အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိကြောင်း အမျိုးသားရာဇဝတ်မှုမှတ်တမ်းဗျူရိုက ထုတ်ပြန်သည်။

မုတ်သုံရာတွင်အတွင်း အိန္ဒိယနိုင်ငံသည် နှစ်စဉ် မိုးရွာသွန်းမှု ၈၀ ရာခိုင်နှုန်း ရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required