လက်ရှိခြေစွမ်းအရ မည်သည့်အသင်းကိုမှ မကြောက်ဟု အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်ပြော

လက်ရှိခြေစွမ်းအရ မည်သည့်အသင်းကိုမှ မကြောက်ဟု အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်ပြော

ဇွန် ၂၁၊ ပြင်သစ်။                ။ အင်္ဂလန်အသင်း၏ လက်ရှိခြေစွမ်းအရ မည်သည့်ပြိုင်ဘက်ကိုမှမကြောက်ဟု နည်းပြရွိုင်းဟော့ဒ်ဆန်က ပြောဆိုလိုက်သည်။ အင်္ဂလန်အသင်းအနေဖြင့် အုပ်စုတွင်းတွင် ရုရှနှင့် ဆလိုဗက်ကီးယားကိုအနိုင်ကစားနိုင်ခြင်းမရှိဘဲ သရေကျခဲ့သည့်တိုင် ရွိုင်းဟော့ဒ်ဆန်က အထက်ပါအတိုင်းဆိုလိုက်ခြင်းဖြစ်သည်။

“နည်းနည်းတော့စိတ်ပျက်စရာကောင်းတယ်။ အုပ်စုသုံးပွဲစလုံးကို တိုက်စစ်နဲ့ခံစစ် အားပြိုင်ကစားခဲ့ရသလိုပဲ။ အင်္ဂလန်အသင်း အနေနဲ့ အဲဒီလိုသုံးပွဲစလုံး ပွဲကိုစီးပြီးကစားနိုင်ဖို့ကို ကျွန်တော်ဘယ်တုန်းကမှတောင် မတွေးခဲ့ဖူးဘူး။

မကြာခင်မှာ တစ်သင်းသင်းပေးဆပ်ရအောင် ကျွန်တော်တို့လုပ်နိုင်လိမ့်မယ်။ တစ်နေ့မှာ ဂိုးတွေသွင်းနိုင်လိမ့်မယ်။ ခင်ဗျားသိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဒီလိုကစားပုံမျိုးနဲ့ဆို ဘယ်အသင်းကိုမှမကြောက်ဘူး။

ဂိုးမရှိသရေဆိုတာ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာပေါ့။ ဒါပေမဲ့ လက်ရှိလုပ်အားနှုန်းအတိုင်းဆက်ကစားသွားမယ်ဆို ကျွန်တော်တို့က အန္တရာယ်ပိုရှိတဲ့အသင်းဖြစ်လာမယ်လို့ ယုံကြည်တယ်”ဟု ဟော့ဒ်ဆန်က ပြောသည်။

အုပ်စု (ခ)ပွဲစဉ်များကစားပြီးချိန်တွင် ဝေးလ်အသင်းက ခြောက်မှတ်ဖြင့် အုပ်စု ပထမ၊ အင်္ဂလန်က ငါးမှတ်ဖြင့် ဒုတိယ၊ ဆလိုဗက်ကီးယားက လေးမှတ်ဖြင့် တတိယရခဲ့သည်။ ရုရှမှာမူ တစ်မှတ်သာရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required