မန်စီးတီးနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာရန် အာတီတာသဘောတူ

မန်စီးတီးနည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်လာရန် အာတီတာသဘောတူ

ဇွန် ၂၁၊ မန်ချက်စတာ ။               ။ အာတီတာသည် ဂွာဒီယိုလာ၏ မန်စီးတီးနည်းပြအဖွဲ့သို့ သွားရောက်ပူးပေါင်းတော့မည်ဖြစ်သည်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အာတီတာသည် လာမည့်ရာသီတွင် ဂွာဒီယိုလာ၏နည်းပြအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ယင်းစပိန်လူမျိုးကစားသမားသည် အာဆင်နယ်အသင်းက အမ်းမရိတ်စ်တွင် ဆက်ထိန်းထားရန်ကြိုးပမ်းမှုကို ပယ်ချခဲ့သည်။ အာဆင်နယ်အသင်းသည် အာတီတာကို အကယ်ဒမီ နည်းပြအဖြစ် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဂွာဒီယိုလာသည် ဘာစီလိုနာအကယ်ဒမီတွင်လက်တွဲခဲ့ဖူးသည့် အာတီတာနှင့်ရင်းနှီးသူဖြစ်ပြီး ယခုနှစ်အစောပိုင်း ကတည်းက ကမ်းလှမ်းထားခြင်းဖြစ်သည်။
ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည့် အာတီတာကိုလက်လွှတ်ရမည့်သတင်းမှာ အာဆင်နယ်အတွက် ထိခိုက်စရာဖြစ် လာခဲ့ရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly