7 Jully အထိမ်းအမှတ် ကျောင်းသားသမဂ္ဂမြတ်ခင်းပြင်တွင် အလေးသွားပြုသည့် ကျောင်းသားတစ်ဦး အဖမ်းခံရ

7 Jully အထိမ်းအမှတ် ကျောင်းသားသမဂ္ဂမြတ်ခင်းပြင်တွင် အလေးသွားပြုသည့် ကျောင်းသားတစ်ဦး အဖမ်းခံရ

ရန်ကုန်၊ဇူလိုင် ၇ ။      ။ 7July အထိမ်းအမှတ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို သွားရောက် အလေးပြုသည့် ကျောင်းသားများအနက် ကျောင်းသားကိုဇေယျာလွင်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု တကသ အဖွဲ့ဝင် ကိုရဲဇာနည်ထွန်းက မဇ္ဈိမကိုပြောသည်။

ကိုရဲဇာနည်ထွန်းက “ကိုဇေယျာလွင်တို့ စီးလာတဲ့ကားကို ပိတ်ပြီးတော့ဖမ်းတာ။ ကားတံခါးဖွင့် သော့ကိုဖြုတ်ပြီး လူကိုဖမ်းသွား တယ်။ ကားကိုတော့ထားခဲ့တယ်။ ကိုဇေယျာလွင်နဲ့ ကိုပိုင်ဖြိုးမင်းကို ဖမ်းသွားတယ်။ ကိုပိုင်ဖြိုးမင်းကို ပြန်လွတ်လိုက်တယ်။ ကိုဇေယျာလွင်ကိုတော့ ခေါ်သွားတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် ကိုပိုင်ဖြိုးမင်းနှင့်လည်း အဆက်အသွယ်ရရှိမှု ပြတ်တောက်နေပြီး အခြေအနေများကို အတည်ပြုနေသည်ဟု ၎င်းကဆိုသည်။

ယင်းဖြစ်ရပ်သည် အင်းလျားလမ်း ရွှေချမ်းသာစားသောက်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုဇေယျာလွင်ကို အရပ်ဝတ် ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းသွားခြင်း ဖြစ်သည်ဟု ကိုရဲဇာနည်ထွန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required