သည်းထိတ်ရင်ဖို ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ ပက်ခ်ရှင်ဟေး

သည်းထိတ်ရင်ဖို ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဇွန် ၁၆ ။         ။ တောင်ကိုရီးယား မင်းသမီး ပက်ခ်ရှင်ဟေးသည် ကိုရီးယားနိုင်ငံက ပြန်လည်ရိုက်ကူးမည့် တရုတ်ရုပ်ရှင် “Silent Witness” တွင် ပါဝင်သရုပ်ဆောင်ရန်   ဆွေးနွေးလျက်ရှိကြောင်း သတင်းတစ် ရပ်တွင် ဖော်ပြထားသည်။

ပက်ခ်ရှင်ဟေးသည် ခေါင်းဆောင်မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင်ရန် စဉ်းစားလျက်ရှိပြီး ကမ်းလှမ်းမှုကို ဆွေးနွေးရန် ဒါရိုက်တာ ဂျောင်ဂျီဝူနှင့် ထုတ်လုပ်သူများနှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

သို့ရာတွင် ယခုအချိန်ထိ အတည်ပြုပြောကြားခဲ့ခြင်း မရှိကြောင်းနှင့် ပက်ခ်ရှင်ဟေးသည် “Doctors” ဒရမ်မာဇာတ်ကားသစ်ကို ပထမဦးစားပေး အာရုံစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီက ဦးစားပေး ပြောကြားခဲ့သည်။

“Slient Witness” ဇာတ်ကားသည် သြဇာတက္ကမရှိသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သမီး ဖြစ်သူသည် ဖခင်ဖြစ်သူနှင့် စေ့စပ်ထားသော မိန်းကလေးကို သတ်သည်ဟု သံသယရှိသည့် လူသတ် တရားခံဖြစ်လာသည့်ပုံကို ပုံဖော်ရိုက်ကူးထားသည့် ရာဇဝတ်မှု သည်းထိတ်ရင်ဖို ဇာတ်ကားဖြစ်သည်။

မင်းသား Choi Min Sik သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ရန် အတည်ပြု ပြောကြားခဲ့ကြောင်းနှင့် ပက်ခ်ရှင်ဟေးသည် သမီးဖြစ်သူ၏ ရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်မည့် ဇာတ်ကောင်စရိုက်အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ထုတ်လုပ်ရေးအဖွဲ့သည် သမီးဖြစ် သူအဖြစ် သရုပ်ဆောင်ရန် မျက်နှာသစ် သရုပ်ဆောင်မင်းသမီးကို ရှာဖွေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required