ရန်ကုန် ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ထူထောင်မည်

ရန်ကုန် ယာဉ်ကြောကြပ်တည်းမှုကို ဖြေရှင်းရန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ထူထောင်မည်
(ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန်၊ ဇွန် ၁၆ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကြပ်တည်းမှုများ ဖြေလျော့နိုင်ရေးအတွက်  သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့တစ်ဖွဲ့ ထူထောင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား လိုက်သည်။

ဇွန်လ ၁၆ ရက်နေ့က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဒုတိယပုံမှန်အစည်းဝေး နောက်ဆုံးနေ့တွင် လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့တော် ယာဉ်ကြောကြပ်တည်းမှု ပြေလျော့စေရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင် ရေး အာဏာပိုင်အဖွဲ့တစ်ရပ် ထူထောင်ပြီး မီးပွိုင့်များ ပြုပြင်ခြင်း၊ ဘတ်စ်ကားယာဉ်လိုင်းများ စနစ်တကျ ထူ ထောင်ခြင်း၊ တက္ကစီ ယာဉ်များကို မြို့တော်တက္ကစီအဖြစ် အသင်းအဖွဲ့များထူထောင်၍ ပြုပြင်ပြောင်းလည်း ခြင်း စသည့် ဆောင်ရွက်မှုများဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ငမိုးရိပ်ချောင်း စသည့် တို့ကို ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီး ရန်ကုန်ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလန်းများတိုးတက်လာစေရန်နှင့် အသေးစား အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် စက်မှုဇုံများ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရင်းနှီး ပွင့် လင်းစွာ ဆွေနွေးခဲ့ကြသည်ကိုတွေ့ရပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လွှတ်တော် ကိုယ်စား လှယ်များ ဆွေးနွေးထောက်ပြသွားသည့်အချက်များကို ဂရုပြုကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟု လည်း ဆိုသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန်အစည်းဝေးတွင်  အဆို(၆)ခုဆွေးနွေးခဲ့ကြပြီး (၄)ခုကို အတည်ပြုနိုင်ခဲ့ကာ (၂)ခုကိုမှတ်တမ်းတင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၃၈)ဦးမှ မေးခွန်း(၉၂) မေးမြန်းခဲ့ပြီး (၆၅)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်အဖွဲ့စည်းဝင်များက လွှတ်တော်၌ ပြန်လည် ဖြေကြားခဲ့ပြီး ကျန်ရှိနေသည့် မေးခွန်း(၂၇)ခုကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့ အစည်းဝင်များက စာဖြင့် ပြန်လည်ဖြေကြားသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required