ဒီမာရီယာကို ရော်ဘင်နှင့်မူလာ အပြင်ငွေသား အလိုက်ပေးပြီး ကမ်းလှမ်းရန် ဘိုင်ယန်ပြင်ဆင်နေ

ဒီမာရီယာကို ရော်ဘင်နှင့်မူလာ အပြင်ငွေသား အလိုက်ပေးပြီး ကမ်းလှမ်းရန် ဘိုင်ယန်ပြင်ဆင်နေ

ဇူလိုင် ၇၊ မန်ချက်စတာ။ ။ ဘိုင်ယန်မြူးနစ်အသင်းသည် မန်ယူတောင်ပံကစားသမား ဒီမာရီယာကို ခေါ်ယူနိုင်ရန် ရော်ဘင်နှင့် မူလာအပြင် ငွေသားအလိုက်ပေးပြီး ကမ်းလှမ်းရန် ပြင်ဆင်နေသည်ဟု ဂျာမနီတွင် သတင်းများထွက်ပေါ်နေသည်။

ဘိုင်ယန်မြူးနစ်အသင်းကို ရာသီသစ်အတွက်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်ရှိနေသည့် နည်းပြဂွါဒီယိုလာသည် ယင်းမယုံနိုင်စရာအပြောင်းအရွှေ့ကြီးကိုပြုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဟု ဂျာမန်သတင်းစာ ဘေ့ကဖော်ပြခဲ့သည်။

မန်ယူနှင့် ဘိုင်ယန်မြူးနစ်တို့သည် မူလာ၏အလဲအထပ်အတွက် ဆွေးနွေးခဲ့ကြဖူးပြီး မူလာသည် မန်ယူနည်းပြဗန်ဟားလ်အတွက် အဓိက ပစ်မှတ်ကစားသမားဖြစ်နေသော်လည်း အသင်းနှစ်သင်းကြား ညှိနှိုင်းမရဖြစ်နေခဲ့သည်။

ဒီမာရီယာနှင့် မူလာကိစ္စဆွေးနွေးမှုတွင် ကွင်းလယ်နေရာအတွက်ဗန်ဟားလ်သဘောကျနေသည့် ရှဝိန်းစတိုင်ဂါလည်း ပါဝင်နေသည်။ ဗြိတိန် သတင်းစာ ဒေးလီးမေးလ်ကလည်း မူလာသည်မန်ယူအသင်းလိုချင်နေသည့် ကစားသမားမျိုးဖြစ်ပြီး အင်္ဂါနေ့သတင်းများအရ ဘိုင်ယန်သည် အပြောင်းအရွှေ့ကိစ္စလုပ်ဆောင်ရန် အလိုရှိနေသည်ဟု ဖော်ပြခဲ့သည်။

ဒီမာရီယာသည် ကိုပါအမေရိကဖလားဗိုလ်လုပွဲတွင် ရရှိခဲ့သော တံကောက်ကြောဒဏ်ရာကြောင့် လာမည့်ရာသီအစပွဲများကို လွဲချော်ဖွယ်ရှိနေသည်။ ပထမရာသီအတွင်းအင်္ဂလန်၌မအောင်မြင်ခဲ့သည့်တိုင် ကိုပါအမေရိကဖလားပြိုင်ပွဲအတွင်းပြသခဲ့သည့် ခြေစွမ်းများမှာ ၎င်းကိုလိုချင်နေသည့်အသင်းများကို ဆွဲဆောင်နိုင်ဆဲဖြစ်သည်။

မန်ယူအသင်းသည် ဒီမာရီယာအတွက်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ သုံးစွဲခဲ့ရသော်လည်း ကစားသမားမှာ ပရီးမီးယားလိဂ် သုံးဂိုးသာသွင်းနိုင်သောကြောင့် လူစားဝင်ကစားသမားအဖြစ်သာပွဲအတော်များများ ကစားခဲ့ရသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly