ရုရှားရဲ့ နောက်ကျချေပဂိုးကြောင့် အင်္ဂလန်တို့ နိုင်ပွဲပျောက်ဆုံး

ရုရှားရဲ့ နောက်ကျချေပဂိုးကြောင့် အင်္ဂလန်တို့ နိုင်ပွဲပျောက်ဆုံး
(ဓာတ်ပုံ - အီးပီအေ)

အင်္ဂလန်အသင်းဟာ အုပ်စု (ခ) အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိနိုင်မယ့် အခွင့်အရေးကို မထိန်းနိုင်ဘဲ နာကျင်အချိန်ပိုမှာ ရုရှားအသင်း နောက်ခံကစားသမား ဘယ်ရီဇူးစကီးလ်က ခေါင်းတိုက်ဂိုး သွင်းယူတာကြောင့် ဒီတစ်ကြိမ်မှာလဲ အဓိကပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ယူရိုပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေမှာ အင်္ဂလန်အသင်း အနိုင်မရသေးတဲ့ အစဉ်အလာထဲက ရုန်းမထွက်နိုင်ပဲ ရှိခဲ့ပါတယ်။

ပထမပိုင်းမှာ အင်္ဂလန်က လျင်လျင်မြန်မြန်နဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပြီး ရူနီ၊ လလာနာတို့ ဂိုးသွင်းခွင့်တွေကို ဂိုးအဖြစ်မပြောင်းနိုင်တာကြောင့် ပထမပိုင်းကို ဂိုးမရှိ သရေနဲ့ ပြီးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ပထမပိုင်းအတွင်း (၉) ကြိမ်ထိ ဂိုးကန်သွင်းနိုင်ခဲ့တာ တွေ့ရပေမယ့် ရုရှားဂိုးသမား အကောင်းဆုံး လက်စွမ်းပြခဲ့တာကြောင့်လည်း အင်္ဂလန်တို့ ဂိုး မရရှိခဲ့တာပါ။

ပွဲစဉ်အတွင်းနှင့် ပွဲအပြီးတွေမှာ အင်္ဂလန်ပရိသတ်တွေနဲ့ ရုရှားအသင်း ပရိသတ်တွေအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒုတိယပိုင်း (၇၃) မိနစ်မှာ အာလီကြောင့်ရတဲ့ ဖရီးကစ်ကို ကွင်းလယ်လူ အဲရစ်ဒိုင်ယာက ကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ရုရှား နောက်ခံလူ ဘယ်ရီဇူးစကီးလ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး (၁-၁) ဂိုးနဲ့သရေကျပြီး နိုင်ပွဲနဲ့ လွဲခဲ့ရပါတယ်။

အုပ်စု (ခ) ပွဲစဉ်ရလဒ်များ
အင်္ဂလန် ၁-၁ ရုရှား
ဝေးလ်စ် ၂-၁ ဆလိုဗက်ကီးယား
(အုပ်စု - က)
အယ်လ်ဘေးနီးယား ဝ-၁ ဆွစ်ဇာလန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly