Vietjet ၏ CEO ဖြစ်သူကို Forbes Magazine က ကမ္ဘာ့ စွမ်းအားအမြင့်ဆုံးအမျိုးသမီး ၁၀၀ ထဲတွင် ထည့်သွင်းသတ်မှတ်ခဲ့့

Vietjet ၏ CEO ဖြစ်သူကို Forbes Magazine က ကမ္ဘာ့ စွမ်းအားအမြင့်ဆုံးအမျိုးသမီး ၁၀၀ ထဲတွင် ထည့်သွင်းသတ်မှတ်ခဲ့့

ရန်ကုန်၊ ဇွန် ၁၁ ။         ။ ဗီယက်နမ်လေကြောင်းလိုင်းVietjet ၏ ဥက္ကဌလည်းဖြစ်ပြီး CEO လည်းဖြစ်သူ Nguyen Thi Phuong Thaoသည် Forbes Magazine မှ ပြုလုပ်သည့် ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ဦးဆောင် အမျိုးသမီး ၁၀၀ စာရင်းထဲတွင် ပါဝင်သတ်မှတ်ခြင်းခံခဲ့ရသည်။ သူမသည် ဤ စာရင်းတွင်ပါဝင်ခွင့်ရသည့် ပထမဆုံးသောဗီယက်နမ် အမျိုးသမီး ဖြစ်ပြီးလူ ၁၀၀ တွင် အဆင့် ၆၂ ဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။

Nguyen Thi Phuong Thaoသည် ဗီယက်နမ်၏ လေကြောင်းလိုင်းကဏ္ဍ ပိုမိုတိုးတက်လာစေရန် ရည်မှန်းထားခံရသူဖြစ်ပြီးVietjet ၏ ထူးခြားခေတ်မီ၍ လုပ်ငန်းလုပ်ဆောင်မှု၌   ကောင်းမွန်သော အချက်များကို အခြေခံပြီးပိုမိုပွင့်လင်း၍ လုပ်ဆောင်ရန် လွယ်ကူသောဈေးကွက်ကို အမြဲတစေအလေးထားရှာဖွေ နေသူ ဖြစ်သည်။ Vietjetသည် နိုင်ငံတကာခရီးစဉ်အသစ်များကို အမြဲတစေတိုးချဲ့နေပြီး လူသန်းပေါင်းများစွာ လွယ်ကူအဆင်ပြေစွာ ခရီးသွားနိုင်စေရန်အတွက် ထူးခြားသက်သာသည့် လျှော့ဈေး အစီအစဉ်များကိုလည်း လုပ်ဆောင်လျက်ရှိသည်။

Vietjet လုပ်ငန်းစတင်လိုက်ခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ လေကြောင်းလိုင်းကဏ္ဍကို ပြောင်းလဲတိုးတက်စေခဲ့သည်။ သူမ၏ ဦးဆောင်မှုအောက်တွင် Vietjetသည် ဒေသတွင်း   လေကြောင်းလိုင်း ကဏ္ဍတွင် အကြီးမားဆုံးဈေးကွက် ကိုပိုင်ဆိုင်နိုင်ခဲ့ပြီး လုပ်ငန်းလုပ်ဆောင်မှု ၅ နှစ်တာအတွင်း နိုင်ငံတကာအဆက်အသွယ်များလည်း တိုးတက် လာခဲ့သည်။ လေကြောင်းလိုင်းနှင့် သူမ၏ အောင်မြင်မှုများသည် ရေရှည်တိုးတက် ဖွံ့ဖြိုးစေရန်အတွက် တိကျသေချာစွာ ပြင်ဆင်ထားသောရင်းနှီး မြှုပ်နှံမှုအစီအစဉ်များကြောင့်လည်း ဖြစ်သည်။

ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည့် Furama Resort Danang, Ana Mandara, An Lam Ninh Van Bay, နှင့် ဟိုချီမင်းမြို့ရှိPhu Long Residence Area တို့အပါအဝင် ဗီယက်နမ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ အပန်းဖြေဥယျာဉ်များနှင့် ဟိုတယ်များကိုပိုင်ဆိုင်ခြင်းကြောင့်လည်း သူမသည် ဗီယက်နမ်၏ အိမ်ခြံမြေနှင့် ခရီးသွားကဏ္ဍတွင်လည်း နာမည်ကျော်ကြားသူဖြစ်သည်။ ထို့အပြင် Nguyen Thi Phuong Thaoသည် ဘဏ္ဍာရေးကဏ္ဍတွင်လည်း နာမည်ကျော်ကြားပြီးလက်ရှိတွင် HD ဘဏ်၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားသည်။

အမေရိကန် အခြေစိုက် Forbes Magazine မှ ကမ္ဘာပေါ်ရှိအောင်မြင်သောအမျိုးသမီးများအား ငွေကြေးအရသော်လည်းကောင်း၊ စာနယ်ဇင်းများ၏ ဖော်ပြခြင်းခံရမှုပေါ်တွင် မူတည်၍ လည်းကောင်း၊ လွှမ်းမိုးမှု နှင့် သက်ရောက်မှုရှိခြင်းပေါ် မူတည်၍လည်းကောင်းစေ့စပ်သေချာစွာ လေ့လာမှုပြုပြီးနောက်တွင် ကမ္ဘာ့စွမ်းအားအမြင့်ဆုံးအမျိုးသမီး ၁၀၀စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ ပရဟိတ၊ ဘီလျံနာ၊ မီဒီယာနှင့် ငွေကြေးကဏ္ဍများခွဲခြား၍ ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုစာရင်းတွင် အိန်ဂျလာမာကယ်လ်  ၊ ဟီလာရီကလင်တန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်းပါဝင်ကြသည်။

လက်ရှိတွင် Vietjetသည် A320 နှင့် A321 အပါအဝင် လေယာဉ် ၃၈ စင်းဖြင့် နေ့စဉ် ခရီးစဉ်အကြိမ်ရေ ၂၅၀ ပျံသန်းပြေးဆွဲလျက်ရှိပြီးဗီယက်နမ်နိုင်ငံတစ်ဝှမ်းနှင့် အာရှ-ပစိဖိတ်ဒေသတွင်းရှိထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်ဝမ်၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံများသို့ ခရီးစဉ်လမ်းကြောင်း ၅၀ ကျော်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required