မျှော်လင့်ချက်များကိုဂရုမထားဘဲ ရုရှနှင့်ပွဲအပေါ်သာအာရုံစိုက်ရန် အင်္ဂလန်အသင်းဖော်များကို လယ်လာနာပြော

မျှော်လင့်ချက်များကိုဂရုမထားဘဲ ရုရှနှင့်ပွဲအပေါ်သာအာရုံစိုက်ရန် အင်္ဂလန်အသင်းဖော်များကို လယ်လာနာပြော

ဇွန် ၉၊ ပြင်သစ်။               ။ ယူရို ၂၀၁၆ ပြိုင်ပွဲမတိုင်မီ အမျိုးမျိုးခန့်မှန်းမှုများ၊ မျှော်လင့်ခံရမှုများကို ဂရုမထားဘဲ ရုရှနှင့်အဖွင့်ပွဲတွင် တာထွက်ကောင်းရန်သာ အာရုံစိုက်ကြရန် အင်္ဂလန်အသင်းဖော်များကို လယ်လာနာက တိုက်တွန်းလိုက်သည်။

တူရကီ၊ သြစတြေးလျနှင့် ပေါ်တူဂီတို့ကို ခြေစမ်းပွဲတွင်အနိုင်ရခဲ့သဖြင့် အင်္ဂလန်အသင်းသည် ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နှစ် ၅၀ ကြာဝေးကွာနေသော အဓိကဆုဖလားတစ်လုံး ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ခံလာရသည်။

“အခုအချိန်မှာ တစ်သင်းလုံးရဲ့အာရုံက ရုရှပွဲအပေါ်မှာပဲရှိနေပါတယ်။ ဒါက ပထမဆုံးပွဲပါ။ အဖွင့်ပွဲကို ဘယ်သူမှမရှုံးချင်ဘဲ တာထွက်ကောင်းမှသာ နောက်ပွဲတွေအတွက်တည်ဆောက်ရ ပိုလွယ်သွားမယ်။

သာမန်ပွဲတစ်ပွဲထက်ပိုပြီး ကောင်းအောင်ကစားနိုင်ရပါမယ်။ သာမန်ထက်လွန်ကဲတဲ့ပွဲတစ်ပွဲဖြစ်ပေမယ့် ဘောလုံးကိုပဲအာရုံစိုက် နိုင်မယ်၊ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေသွားလိမ့်မယ်လို့ ပြောရဲပါတယ်”ဟု လယ်လာနာက ဆိုသည်။

ပြိုင်ပွဲတွင် အသက်အငယ်ဆုံးအသင်းဖြစ်သော အင်္ဂလန်အသင်းအနေဖြင့် လူငယ်ကစားသမားများ၏စွမ်းအားဖြင့် အလုပ်ဖြစ် လိမ့်မည်ဟုလည်း လယ်လာနာက ယူဆနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly