ဇွန် ၉၊ အမေရိကန်။ ။ ပီအက်စ်ဂျီအသင်းက ၎င်းကိုပေါင် ၂၃ သန်းဖြင့်ကမ်းလှမ်းထားသည်ဆိုသောသတင်းများကို မသိကြောင်း ကော်တင်ဟိုက ပြောဆိုလိုက်သည်။
ကိုပါအမေရိကဖလားရာပြည့်ပွဲတွင် ကော်တင်ဟိုဟက်ထရစ်ရခဲ့သည့် ဘရာဇီးက ဟေတီကို ၇-၁ ဂိုးဖြင့်အနိုင်ရသည့်ပွဲနေ့မှာပင် ပြင်သစ်လိဂ်-၁ ချန်ပီယံပီအက်စ်ဂျီသည် ဘာစီလိုနာနှင့်အပြိုင် ကော်တင်ဟိုကိုစိတ်ဝင်စားနေသည်ဟု သတင်းထွက်လာခြင်း ဖြစ်သည်။
ခန့်မှန်းသတင်းများတွင် ပီအက်စ်ဂျီအသင်းသည် လီဗာပူးလ်အသင်းထံသို့ ပထမအကြိမ်ကမ်းလှမ်းမှုပင်ပြုလုပ်ပြီးပြီဟု ဖော်ပြနေ သော်လည်း ကော်တင်ဟိုကမူ မသိကြောင်း ပြောသည်။
“ကျွန်တော်သိသလောက်တော့ ဘာကမ်းလှမ်းမှုမှမရှိဘူး။ ကျွန်တော်အခု လက်ရွေးစင်အသင်းနဲ့ရှိနေပြီး နိုင်ငံအသင်းကိုယ်စားပြု ဖို့ပဲ စိတ်ဝင်စားတယ်။ ကျွန်တော့်အတွက်ပိုအရေးကြီးတာက နိုင်ငံအသင်းအတွက်အာရုံစိုက်ပြီး ပြိုင်ပွဲကောင်းတစ်ခု ကစားဖို့ပဲ” ဟု ကော်တင်ဟိုက ပြောသည်။
Ref; goal.com