ဒူးအရွတ်ဒဏ်ရာကြောင့် ဂျာမနီနောက်ခံလူ ရူဒီဂျာ ယူရိုပြိုင်ပွဲနှင့်လွဲချော်

ဒူးအရွတ်ဒဏ်ရာကြောင့် ဂျာမနီနောက်ခံလူ ရူဒီဂျာ ယူရိုပြိုင်ပွဲနှင့်လွဲချော်

ဇွန် ၈၊ ဂျာမနီ။           ။ ဂျာမနီနောက်ခံလူ ရူဒီဂျာသည် အင်္ဂါနေ့ကပြုလုပ်သော လေ့ကျင့်ခန်းအစီအစဉ်တွင် ဒူးအရွတ်စုတ်ပြဲသွားသောကြောင့် ယူရို ၂၀၁၆ ပြိုင်ပွဲနှင့် လွဲချော်သွားခဲ့ပြီဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ကစားသမားသည် ပြင်သစ်ရှိဂျာမနီအသင်းလေ့ကျင့်ရေးစခန်းတွင် ပထမဆုံလေ့ကျင့်ခန်း အစီအစဉ်၌ ဒဏ်ရာရသွားခြင်းဖြစ်သည်။

၎င်း၏နေရာတွင် အစားထိုးရွေးချယ်မည့် ကစားသမားကို ကြေညာသွားမည်ဟု ဂျာမနီဘောလုံးအသင်းကထုတ်ပြန်ထားသည်။

စီးရီးအေကလပ်ရိုးမား ဗဟိုနောက်ခံလူ ရူဒီဂျာမပါဝင်နိုင်ခြင်းက ခြေထောက်ကြွက်သားဒဏ်ရာမှ အပြည့်အဝမသက်သာသေး သည့် ဂျာမနီအသင်းဖော် ဗဟိုနောက်ခံလူ ဟမ်မဲလ်အတွက်လည်း သတင်းဆိုးဖြစ်စေခဲ့သည်။

ဂျာမနီအသင်းသည် ရူဒီဂျာဒဏ်ရာမရခင် နာရီပိုင်းအလိုကမှ အသင်းအခြေစိုက်ရာ အီဗီယန်သို့ရောက်ရှိခဲ့သည်။ ဂျာမနီအသင်း သည် မြောက်အိုင်ယာလန်၊ ပိုလန်၊ ယူကရိန်းတို့နှင့်တစ်အုပ်စုတည်း ကျရောက်နေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly