ယူရို ၂၀၁၆ ပြိုင်ပွဲတွင် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ဂျာမနီအသင်းရပ်တည်

ယူရို ၂၀၁၆ ပြိုင်ပွဲတွင် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ဂျာမနီအသင်းရပ်တည်

ဇွန် ၇၊ ပြင်သစ် ။                ။ transfermarkt.com ၏တွက်ချက်မှုအရ ဂျာမနီလက်ရွေးစင်အသင်းသည် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အသင်း ၂၄ သင်း၌ တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။

transfermarkt.com က Association of Accounting Technicians (AAT) ကို အသုံးပြုပြီး ကစားသမားများ၏ တန်ဖိုးကို တွက်ချက်ခဲ့ရာတွင် ဂျာမနီလက်ရွေးစင်အသင်းက ပေါင် ၄၂၁ ဒသမ ၅ သန်းနဲ့ တန်ဖိုးအကြီးဆုံး အသင်းအဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ဂျာမနီအသင်၏နောက်တွင် စပိန်အသင်းက ပေါင် ၄၁၈ ဒသမ ၁ သန်းနှင့် ဒုတိယ၊ ဘယ်လ်ဂျီယံအသင်းက ပေါင် ၃၄၅ ဒသမ ၇ သန်းနှင့် တတိယနေရာတွင် ရပ်တည်နေသည်။

အင်္ဂလန်အသင်းသည် ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲရန် စတုတ္ထရေပန်းအစားဆုံးအသင်းဖြစ်ခဲ့သလို ယခုတွက်ချက်မှုတွင်လည်း စတုတ္ထတန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။ အင်္ဂလန်အသင်း၏ တန်ဖိုးမှာ ပေါင် ၃၃၄ ဒသမ ၅ သန်းဖြစ်သည်။

transfermarkt.com ၏တွက်ချက်မှုအရ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ပေါင် ၈၆ သန်းနှင့် ပြိုင်ပွဲဝင်ကစားသမားထဲတွင် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သည်။ ၎င်း၏နောက်တွင် ဂါရတ်ဘေးလ်က ပေါင် ၆၃ သန်းနဲ့ ဒုတိယတန်ဖိုးအကြီးဆုံးကစားသမားဖြစ်ခဲ့ပြီး ဂျာမနီတိုက်စစ်မှူး သောမတ်စ်မူလာ၊ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့က ပေါင် ၅၉ သန်းနှင့် တတိယတန်ဖိုးအကြီးဆုံး ကစားသမားများအဖြစ် ရပ်တည်ခဲ့ကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly