အာဖဂန်တပ်ဖွဲ့ဝင်များက တာလီဘန် စစ်သွေးကြွ ၄၁ ဦးကို ၂၄ နာရီအတွင်း သတ်ဖြတ်

အာဖဂန်တပ်ဖွဲ့ဝင်များက တာလီဘန် စစ်သွေးကြွ ၄၁ ဦးကို ၂၄ နာရီအတွင်း သတ်ဖြတ်

ကဘူးလ်၊ ဇူလိုင် ၆ ။   ။ နိုင်ငံတစ်ဝန်း၊ အာဖဂန်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ၂၄နာရီးအတွင်း တာလီဘန် ၄၁ ဦးသေဆုံး ခဲ့သည်ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၆ ရက်ကထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် အခြားတာလီဘန် ၁၆ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထား သည်။

အာဖဂန်တပ်ဖွဲ့ဝင်များသည် ဘက်ဂ်လန်၊ တက်ခါ၊ ကန်ဒါဟာ၊ ဇာဘူးလ်နှင့် ဟယ်လ်မန်ပြည်နယ်များ အပါအဝင် နိုင်ငံအနှံ့အပြား တွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

အာဖဂန်တပ်ဖွဲ့ဝင်များသည် ကန်ဒါဟာနှင့် ဟယ်လ်မန်ပြည်နယ်တို့ရှိ ဗုံး ၁၀ လုံးကိုလည်းဖြုတ်သိမ်းနိုင်ခဲ့ကြသည်။

ထိုစဉ် အာဖဂန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် အိုင်အက်စ်အိုင်အယ်လ်တက်ဖီရီအုပ်စုနှင့် တာလီဘန်ကြား တိုက်ခိုက်မှုများ အတွင်း စစ်သွေးကြွ ၁၄ ဦးသေဆုံးခဲ့သည်။

နန်ဂါဟာရဲတပ်ဖွဲ့၏ ပြောကြားချက်အရ စစ်သွေးကြွအုပ်စုနှစ်ခုအကြားတိုက်ပွဲများမှာ ပြည်နယ်၏ နာဇီယန်ခရိုင်တွင်ဖြစ်ပွားခဲ့ သည်။

အိုင်အက်စ်အကြမ်းဖက်သမားများသည် မကြာသေးမီလများအတွင်း အာဖဂန်နစ္စတန်တွင် လူသစ်စုဆောင်းလျက်ရှိသည်။

ဒေသခံတာလီဘန်များအနေဖြင့် ၎င်းတို့အုပ်စုအပေါ်သစ္စာခံရေး တက်က်ဖီရီစစ်သွေးကြွများက တောင်းဆိုလျက်ရှိသည်။

အာဖဂန်တွင် မကြာသေးမီလအနည်းငယ်အတွင်း စစ်သွေးကြွအုပ်စုနှစ်ခုကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

ထိုစဉ် နန်ဂါဟာပြည်နယ် ချာပါဟာခရိုင်တွင် အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအသစ်တစ်ခုက အနည်းဆုံး လူဦးသေဆုံးခဲ့သည်။

ဒေသခံအရာရှိများ၏ ပြောကြားချက်အရ သေဆုံးသူများမှာ အကြီးတန်းတာလီဘန်အဖွဲ့ဝင်များဖြစ်သည်။ သို့သော်လည်း စစ်သွေးကြွများက သုံးသပ်ချက်မပေးခဲ့ပေ။ အမေရိကန်သည် ကုလ၏ခွင့်ပြုချက်မပါဘဲ အာဖဂန်အပါအဝင် နိုင်ငံအချို့တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required