Dulwich College Yangon ၏ ကျောင်းဝင်ခွင့် စတင်လက်ခံခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

Dulwich College Yangon ၏ ကျောင်းဝင်ခွင့် စတင်လက်ခံခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်၊ ဇွန် ၂ ။             ။ Dulwich College Yangon သည် ရန်ကုန်မြို့ရှိကျောင်း နှစ်ကျောင်း၏ ကျောင်းဝင်ခွင့်စတင်လက်ခံခြင်းဆိုင်ရာ ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက် တွင် Sule Shangri La Hotel ၌ မွန်းလွဲ ၂ နာရီမှ ၅ နာရီထိကျင်းပမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားတွင်  Dulwich College Yangon ၏ ကျောင်းအုပ်ကြီး ဖြစ်သူ Daryl Orchard နှင့် ကျောင်းအပ်လက်ခံဌာန အကြီးအကဲ ဖြစ်သူ Jocelyn Dong တို့က ဟောပြောဆွေးနွေးကြမည်ဖြစ်သည်။ ဧည့်သည်တော်များ အနေဖြင့် ဆရာဆရာမများနှင့်တွေ့ဆုံခွင့်၊ ခေတ်မီ သင်ထောက်ကူပစ္စည်းများကို ကြိုတင်ကြည့်ရှုနိုင်ခွင့် နှင့် Dulwich College ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို လေ့လာနိုင်မည်ဖြစ်သည်။ စားသောက်ဖွယ်ရာများဖြင့်လည်း တည်ခင်းဧည့်ခံမည် ဖြစ်ပြီး အမည်စာရင်းပေးသွင်း တက်ရောက်သော ဧည့်သည်တော်များကို လက်ဆောင်ဆုမဲများ ဖောက်ပေးသွားမည် ဖြစ်သည်။

Dulwich College Yangon သည်  လန်ဒန်ရှိ ဗြိတိသျှပုဂ္ဂလိကကျောင်းတစ်ကျောင်းဖြစ်သည့်၊ Dulwich College နှင့် ပြည်တွင်း၌ တိုက်ရိုက်ချိတ်ဆက်ထားသည့် ပထမဆုံးကျောင်းတစ်ကျောင်းဖြစ်ပြီး   အာရှတစ်လွှားရှိ ရှန်ဟိုင်း၊ ဘေဂျင်း၊ စူးကျိုး၊ ဆိုးလ်နှင့် စင်္ကာပူတို့မှ Dulwich College ကျောင်းများနှင့် ကွန်ရက် ချိတ်ဆက်ထားသည်။

ပိုမိုသိရှိလိုသော သတင်းအချက်အလက်များ အတွက် [email protected]  သို့မဟုတ် www.dulwich-yangon.com.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly