ပရီးမီးယားလိဂ်သည် သွားရောက်ကစား၍ ကောင်းသည့်နေရာဟု အာဆင်နယ်ပစ်မှတ် မိုရာတာပြော

ပရီးမီးယားလိဂ်သည် သွားရောက်ကစား၍ ကောင်းသည့်နေရာဟု အာဆင်နယ်ပစ်မှတ် မိုရာတာပြော

ဇွန် ၁၊ တူရင်။              ။ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့၏ ပစ်မှတ်ကစားသမား မိုရာတာက ပရီးမီးယားလိဂ်သည် သွားရောက်ကစား၍ ကောင်းသည့်နေရာဟု ဝန်ခံပြောဆိုလိုက်သည်။

အီတလီထိပ်သီးဂျူဗင်တပ်အသင်းသည် အသက် ၂၃ နှစ်အရွယ်ကစားသမားကို နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောင်းချရန်အသင့်ဖြစ်နေပြီး အသင်းဟောင်းရီးယဲလ်မက်ဒရစ်ကလည်း ယင်းတိုက်စစ်မှူးကို ပြန်လည်ဝယ်ယူခွင့်ရှိနေသည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မိုရာတာကို နွေရာသီနံပါတ်တစ်ပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ပေးရန်အသင့်ဖြစ်နေသော်လည်း ယင်းကစားသမားကို လိုချင်သည်ဟု အသံလွှင့်ထားသည့် ချယ်လ်ဆီးအသင်းနှင့် ပြိုင်ဆိုင်ရဖွယ်ရှိနေသည်။

အာဆင်နယ်အသင်းထံမှ နှစ်ကြိမ်ကမ်းလှမ်းခံရဖူးသည့် မိုရာတာသည် အင်္ဂလန်သို့သာပြောင်းရွှေ့ချင်ဖွယ်ရှိနေပြီး ယူရိုပြိုင်ပွဲ မတိုင်မီ အပြောင်းအရွှေ့ဖြစ်မြောက်ချင်နေသည်။

“ပြိုင်ပွဲမတိုင်မီ အပြောင်းအရွှေ့ကိစ္စပြီးချင်တယ်။ ဘာကြောင့်လဲဆိုတော့ အပြောင်းအရွှေ့ကိစ္စတွေလုံးပမ်းပြီး နိုင်ငံအသင်း အတွက်ကစားပေးဖု့ိ သိပ်အဆင်မပြေဘူး။

ကျွန်တော့်ဆန္ဒကတော့ ရီးယဲလ်မက်ဒရစ်ကိုပြန်ချင်တာပေါ့။ ဒါပေမဲ့ အဲဒီမှာ ထိပ်တန်းကစားသမားတွေရှိနေပြီး ကျွန်တော်ကလည်းပွဲကစားချင်သလို အရေးပါတဲ့ကစားသမားဖြစ်ချင်တယ်။

အင်္ဂလန်က ကမ်းလှမ်းမှုတွေလည်း ရှိနေတယ်။ ကျွန်တော့်ပုံစံနဲ့ဆိုရင် ပရီးမီးယားလိဂ်မှာကစားတာသင့်တော်မယ်ထင်တယ်။ အီတလီမှာသင်ယူခဲ့ပြီးသလို အင်္ဂလန်မှာလည်း ထပ်ပြီးသင်ယူနိုင်ခဲ့ရင် ပြီးပြည့်စုံတဲ့ကစားသမားဖြစ်လာနိုင်မယ်ထင်တယ်။

ကျွန်တော့်အသက် ၂၃ နှစ်ပွဲရှိသေးပြီး တိုးတက်ချင်ပါသေးတယ်။ ပွဲကစားရင်း အကောင်းဆုံးသင်ယူသွားချင်တယ်”ဟု မိုရာတာ က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly