တတိယမြောက် စတူဒီယို အယ်လ်ဘမ်နဲ့အတူ ပရိတ်သတ်ထံ ပြန်လာမည့် EXO အဖွဲ့

တတိယမြောက် စတူဒီယို အယ်လ်ဘမ်နဲ့အတူ ပရိတ်သတ်ထံ ပြန်လာမည့် EXO အဖွဲ့

ဆိုးလ်၊ မေ ၃၁ ။                ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ EXO သည် ၎င်းတို့၏ တတိယမြောက် တေးအယ်လ်ဘမ်နှင့်အတူ ပရိသတ်ထံ ပြန်လာမည့်ရက်ကို အတည်ပြု ပြောကြားခဲ့သည်။

EXO အဖွဲ့သည် ဇွန် ၉ ရက်တွင် တေးအယ်လ်ဘမ်သစ်နှင့်အတူ ပရိတ်သတ်ထံ ပြန်လာမည် ဖြစ်ကြောင်း SM Entertainment က မေ ၃၁ ရက်တွင် အတည်ပြုပြောကြားခဲ့ပြီး EXO အဖွဲ့ ပြန်လာ မည့် အစီစဉ် အသေးစိတ်ကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

EXO အဖွဲ့သည်  ဇွန် ၈ ရက်တွင် အိုလံပစ်ခန်းမ၌ ဖျော်ဖြေပွဲ ကျင်းပသွားမည်ဖြစ်ပြီး ဇွန် ၉ ရက်တွင် တေးအယ်လ်ဘမ် ထွက်ရှိသွားမည် ဖြစ်သည်။ EXO အဖွဲ့၏ အရောင်းမြှင့်တင်ရေး အစီစဉ် တွင် ဇွန်လတစ်လလုံး အဖွဲ့ဝင်များ၏ နေ့စဉ် ရှင်သန်မှုပုံစံများကို Naver V Live+ ရုပ်သံလွှင့် အစီစဉ်သစ်မှတစ်ဆင့် ထုတ်လွှင့်ပြသမည့် အစီစဉ်လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required