ဆောင်ဂျောင်ကီ၏ နိုင်ငံကူးလက်မှတ် အသေးစိတ် အချက်အလက်များ တရုတ်တွင် ပေါက်ကြား

ဆောင်ဂျောင်ကီ၏ နိုင်ငံကူးလက်မှတ် အသေးစိတ် အချက်အလက်များ တရုတ်တွင် ပေါက်ကြား

ဆိုးလ်၊ ဇွန် ၁ ။                 ။ “Descendants of the Sun” ဇာတ်ကား မင်းသား ဆောင်ဂျွန်ကီ၏ နိုင်ငံကူးလက်မှတ် အသေးစိတ် အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့ကြောင်း တရုတ်မီဒီယာများက သတင်း ထုတ်ပြန်ခဲ့သည်။

ဆောင်၏ နိုင်ငံကူးလက်မှတ်တွင် ပါရှိသော ဓာတ်ပုံသည် တရုတ်နိုင်ငံရှိ ဝက်ဆိုက်ဘ်များတွင် အလျင်အမြန် ပျံ့နှံခဲ့ပြီး ပုဂ္ဂိုလ်ရေးရာ အချက်အလက်များအားလုံး ပေါက်ကြားခဲ့သည်။ ဆောင်ဂျောင် ကီသည် မကြာသေမီးက တရုတ်ဝက်ဆိုက်ဘ်များတွင် ၎င်း၏ နိုင်ငံကူးလက်မှတ် ပေါက်ကြားခဲ့မှု ကြောင့် ပုဂ္ဂိုလ်ရေးရာ ထိပါးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ဆောင်ဂျောင်ကီသည် လေဆိပ်မှ ထွက်ခွာစဉ် အကောက်ခွန်ဌာနမှ ၎င်း၏ နိုင်ငံကူးလက်မှတ် ကို ဓာတ်ပုံရိုက်ခံခဲ့ရပြီး အွန်လိုင်းပေါ်တင်ခြင်း ခံခဲ့ရသည်။ အကောက်ခွန်အရာရှိက ဓာတ်ပုံကို လျို့ဝှက်စွာ ရိုက်ယူခဲ့သည်ဟု လူအများအပြားက ခန့်မှန်းထားကြသည်။

ယခင်ကလည်း ပရိတ်သတ်တစ်ဦးက ဆောင်ဂျောင်ကီနှင့် လက်ထပ်ထားသည့် လက်ထပ် စာချုပ်အတုကို အွန်လိုင်းတွင် တင်ခဲ့သည်။ ဆောင်ဂျောင်ကီသည် လက်ရှိအချိန်တွင် အာရှတွင် ပရိတ်သတ်တွေ့ဆုံပွဲ လုပ်ဆောင်လျက်ရှိသည်။ ဆောင်ဂျောင်ကီသည် မေ ၂၇ ရက်တွင် ကွမ်ကျိုး မြို့၌  ပရိတ်သတ်တွေ့ဆုံပွဲကို စတင်ပြုလုပ်ခဲ့ပြီး ရှန်ဟိုင်း၊ ဟောင်ကောင် ၊ ချန်ဒူနှင့် တိုင်ပေတို့တွင် လည်း ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required