မြန်မာနေရှင်နယ်လိဂ် - ၂ တွင် GFA အသင်း အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်

မြန်မာနေရှင်နယ်လိဂ် - ၂ တွင် GFA အသင်း အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်
ယခုနှစ်ဘောလုံးရာသီတွင် GFA အသင်းနှင့် နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

မေ ၃၁ ၊ ရန်ကုန် ။               ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၁၂ ပွဲများကစားပြီးချိန်၌ GFA အသင်းက မြဝတီအသင်းကို ၁-၂ ဖြင့် အနိုင်ရကာ ဒုတိယနေရာမှ မနောမြေအသင်းကို နှစ်မှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နိုင်ခဲ့သည်။

မနောမြေအသင်းသည် ပွဲစဉ် (၁၂) တွင် မောရဝတီအသင်းနှင့် ယှဉ်ပြိုင်ကစားရပြီး တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ တစ်ဂိုးစီသရေဖြင့် ပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်များတွင် နေပြည်တော်အသင်းသည် တက္ကသိုလ်လက်ရွေးစင်များအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ၆-၀ ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သလို ငွေကြယ်ပွင့်လေးများအသင်းက ဒဂုံအသင်းကို ၁-၂ ဖြင့် အနိုင်ရခဲ့သည်။

ကျန်ပွဲစဉ်တွင် မဟာယူနိုက်တက်အသင်းက စီးတီးစတားအသင်းကို ၁-၄ ဖြင့် အနိုင်ရ၍ နိုင်ပွဲဆက်နိုင်ခဲ့သလို အမှတ်ပေးဇယားအောက်ဆုံးမှ ဖုန်ဂန်အသင်းကလည်း သန်လျင်အသင်းကို ၁-၀ ဖြင့် အနိုင်ရကာ ယခုနှစ်ဘောလုံးရာသီ၏ ပထမဦးဆုံး နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၁၂) ပွဲကစားပြီးကစားပြီးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ GFA အသင်းက ကိုးပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ် ၂၉ မှတ်ဖြင့် ဦးဆောင်လျက်ရှိပြီး မနောမြေအသင်းက ရမှတ် ၂၇ မှတ်ဖြင့် ဒုတိယ၊ နေပြည်တော်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် ၁၂ ရလဒ်များ

စီးတီးစတား               ၁-၄               မဟာယူနိုက်တက်
နေပြည်တော်             ၆-ဝ               တက္ကသိုလ်အသင်း
ဖုန်ဂန်                      ၁-ဝ               သန်လျင်
မြဝတီ                     ၁-၂               GFA
မောရဝတီ                 ၁-၁               မနောမြေ
ဒဂုံ                         ၁-၂               ငွေကြယ်ပွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required