အိန္ဒိယတွင် စစ်တပ် လက်နက်သိုလှောင်ရုံ မီးလောင်မှုကြောင့် ၁၇ ဦးသေဆုံး

အိန္ဒိယတွင် စစ်တပ် လက်နက်သိုလှောင်ရုံ မီးလောင်မှုကြောင့် ၁၇ ဦးသေဆုံး

မွမ်ဘိုင်း၊ မေ ၃၁ ။           ။ အိန္ဒိယနိုင်ငံ အလယ်ပိုင်းတွင် မေလ ၃၁ ရက် အစောပိုင်းက စစ်တပ် လက်နက်တိုက်တစ်ခု မီးလောင်ခြင်းကြောင့် လူပေါင်း ၁၇ ဦးထိ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

Maharashtra ပြည်နယ် Nagpur မြို့အနီး တွင် ထားရှိသော အဆိုပါ စစ်တပ်လက်နက်တိုက် မီးလောင်ကျွမ်းမှုကြောင့် စစ်ဘက်အရာရှိ နှစ်ဦးနှင့် စစ်သား ၁၅ ဦး သေဆုံးသွားခဲ့ကြောင်း Press Trust of India သတင်းအေဂျင်စီက ဖော်ပြသည်။

ယင်းနေ့ နံနက်အစောပိုင်းက အဆိုပါ လက်နက်ခဲယမ်းတိုက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး မီးလောင်ခဲ့ကြောင်း နှင့် စုစုပေါင်း ၁၇ ဦးထိ သေဆုံးခဲ့ကြောင်းလည်း NDTV သတင်းဌာနက ထုတ်ပြန်တင်ဆက်သည်။

အဆိုပါ လက်နက်တိုက်ပေါက်ကွဲမီးလောင်ခဲ့ရာ နေရာအနီးအနားတွင် နေထိုင်ကြသော မိသားစုထောင်ပေါင်များစွာကိုမူ ယခုအခါ အနီးအနားကျေးရွာများနှင့် မြို့များဆီသို့ ပြောင်းရွှေ့ပေးထားရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required