လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ဘာစီလိုနာမိတ်ဆက်

လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ဘာစီလိုနာမိတ်ဆက်

မေ ၃၁၊ ဘာစီလိုနာ။              ။ ဘာစီလိုနာအသင်းသည် ဥရောပဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့စဉ်က ဝတ်ဆင်ခဲ့သောဝတ်စုံကို အမှတ်တရအထမ်းအမှတ် အဖြစ် လာမည့်ရာသီတွင် အိမ်ကွင်းဝတ်စုံအဖြစ် ဝတ်ဆင်မည်ဖြစ်သည်။

၁၉၉၂ က ဥရောပဖလားရရှိခဲ့သော ၂၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာစီလိုနာနှင့် Nike တို့ပူးပေါင်းကာ အိမ်ကွင်းဝတ်စုံ ဖန်တီးလိုက်ခြင်းဖြစ်သည်။

စပိန်ထိပ်သီဘာစီလိုနာအသင်းသည် ထိုစဉ်က လက်ရှိဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးမန်း၏ အချိန်ပိုအနိုင်ဂိုးဖြင့် ဝင်ဘာလေကွင်းတွင် ဖလားရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနည်းပြဖြစ်လာသည့် ဘာစီလိုနာနည်းပြဟောင်း ဂွာဒီယိုလာသည် အသင်း၏သမိုင်းတွင်နိုင်ပွဲတွင် အဓိကနေရာမှ ပါဝင်ကစားခဲ့ပြီး ဆမ်ဒိုးရီးယားကိုနိုင်သည့်ယင်းပွဲ၌ မိုက်ကယ်လောက်ဒရပ်နှင့် စတွိုက်ကော့ဗ်တို့လည်း ပါဝင်ကစားခဲ့ကြသည်။

ယိုဟန်ခရိုက်ဖ်လက်ထက်နှောင်းပိုင်း ဘာစီလိုနာအသင်းသည် ၁၉၉၁-၉၂ ရာသီ၌ အောင်မြင်မှုကြီးကြီးမားမားရခဲ့ပြီး ယင်းအသင်း၏ ကျော်ကြားသော အပြာနှင့်အနီကြား ဝတ်စုံကို ပို၍ကိုယ်ကြပ်ဒီဇိုင်းထွင်ကာ လာမည့်ရာသီတွင် ဝတ်ဆင်မည် ဖြစ်သည်။

ဆမ်ဒိုးရီးယားကိုနိုင်သည့်ပွဲတွင် ဘာစီလိုနာအသင်းသည် အဝေးကွင်းဝတ်စုံသာဝတ်ဆင်ခဲ့သော်လည်း ပွဲအပြီးအောင်ပွဲခံရန် အိမ်ကွင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။

ဘာစီလိုနာအသင်း၏ အိမ်ကွင်းဝတ်စုံသစ်ကို ပရိသတ်များဝယ်ယူမည်ဆိုပါက ဝတ်စုံပြည့်အတွက် ၁၂၃ ပေါင်ကျသင့်မည်ဟု Nike တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly