ထိုင်းကျားကျောင်းမှ ကျားများကို အာဏာပိုင်များ ဖမ်းဆီးနေရာရွှေ့ပြောင်း

ထိုင်းကျားကျောင်းမှ ကျားများကို အာဏာပိုင်များ ဖမ်းဆီးနေရာရွှေ့ပြောင်း

ဘန်ကောက်၊ မေ ၃၁ ။              ။ ထိုင်းနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်ခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ရှိသည်ဟု စွပ်စွဲမှုများထွက်ပေါ်ပြီးနောက် ကျားများ မွေးထားသည့် ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းမှ ကျားများကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ နေရာရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ကန်ချန်နာဘူရီပြည်နယ်တွင်ရှိသော ယင်းဘုန်းကြီးကျောင်းတွင် ကျားကောင်ရေ ၁၃၇ ကောင်ရှိထားရာအနက် သုံးကောင်ကို မေ ၃၀ ရက်က စတင်နေရာပြောင်းရွှေ့သည်။ အဆိုပါ ကျားများ ဖမ်းဆီးနေရာပြောင်းရွှေ့ရေးကို အမှုထမ်း ၁၀၀၀ ဖြင့် ယခုသီတင်းတစ်ပတ်လုံး လုပ်ဆောင်သွားမည်ဖြစ်သည်။

စွပ်စွဲမှုအားလုံးကို ငြင်းဆန်သည့် ဘုန်းကြီးကျောင်းမှ သံဃာများက ပထမတွင် ခုခံကြသော်လည်း တရားရုံးအမိန့်ကြောင့် နောက်ပိုင်းတွင် လိုက်လျောလာခြင်းဖြစ်သည်။

ဘုန်းကြီးကျောင်းရှိ ကျားများအား တိရစ္ဆာန်စောင့်ရှောက်ရေးရုံများသို့ ပို့ဆောင်မည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အဆိုပါ ဝတ်ဖာလုအန်တာဘူ ကျားကျောင်းသည် ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်မှုရှိသည့် ရေပန်းစားသောနေရာတစ်နေရာဖြစ်ပြီး ယင်းကျောင်းရှိ ကျားများကို အာဏာပိုင်များက တစ်ခြားပို့ဆောင်နိုင်ရေးအတွက် ယခင်နှစ်များကလည်း ကြိုးစားမှုများ ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required