X Factor ပြိုင်ပွဲသို့ ပြန်လာရန် ပေါင်သန်းပေါင်းများစွာတန် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့တဲ့ နီကိုးလ်ရှာဇင်ဝင်းဂါး

X Factor ပြိုင်ပွဲသို့ ပြန်လာရန် ပေါင်သန်းပေါင်းများစွာတန် စာချုပ်ကို လက်မှတ်ရေးထိုး ခဲ့တဲ့ နီကိုးလ်ရှာဇင်ဝင်းဂါး

နီကိုးလ်ရှာဇင်ဝင်းဂါးသည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် “X Factor” သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် ပြန်လည်ပါဝင်ဆောင်ရွက်ရန် ဆိုင်မွန်ကိုဝဲလ်နှင့် ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ နီကိုးလ်သည် “ X Factor” ပြိုင်ပွဲသို့ ပြန်လာမည်ဖြစ်ကြောင်းနှင့် လာမည့် သီတင်း ပတ်တွင် ဒိုင်အဖွဲ့၌ ပါဝင်မည့် သူများစာရင်းကို ကြေညာသွားမည်ဖြစ်ကြောင်း The Sun တွင် ဖော်ပြ ထားသည်။ နီကိုးလ်သည် ဆိုင်မွန်ကိုဝဲလ် ၊ ယခင် ဒိုင်လူကြီးများဖြစ်သော လူးဝစ်ဝါလက်ရှ်နှင့် ရှရွန်အက်စ်ဘွန်း တို့နှင့်အတူ ဒိုင်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း The Sun တွင် ဖော်ပြထားသည်။

နီကိုးလ်သည် ၂၀၁၀ ခုနှစ်က “X Factor” ပြိုင်ပွဲတွင် ဒိုင်လူကြီး  Danni Minogue မီးဖွားခွင့် ယူထားစဉ် ဧည့်ဒိုင်လူကြီးအဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည်။ ကာလီရောလက်ဒ် ထွက်သွား ပြီးနောက် ၂၀၁၂ ခုနှစ်က နီကိုးလ်သည် အချိန်ပြည့် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

“ဆိုင်မွန်ကိုဝဲလ်က နီကိုးလ်ကို ယခုနှစ် သီချင်းဆိုပြိုင်ပွဲမှာ ပြန်လာစေချင်တယ်။ သူမဟာ ဒီနှစ် ပြိုင်ပွဲအတွက် အရမ်းကို ကြီးမားတဲ့ အစိတ်ပိုင်းတစ်ရပ် ဖြစ်တယ်။ ဆိုင်မွန်ကိုဝဲလ်က တေးသီ ချင်းပြိုင်ပွဲမှာ ဒိုင်လူကြီးလုပ်ဖို့ နီကိုးလ် လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အရမ်းကို ဝမ်းသာနေပါတယ်” ဟု  The Sun တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags