တီထွင်မှု၊ ဆန်းသစ်မှု၊ ယုံကြည်မှုရှိမှ ဘဝပြောင်းလဲနိုင်မယ်လို့ ယုံကြည်ထားတဲ့ မိတ်ကပ် ပညာရှင် လောင်ခမ်း

တီထွင်မှု၊ ဆန်းသစ်မှု၊ ယုံကြည်မှုရှိမှ ဘဝပြောင်းလဲနိုင်မယ်လို့ ယုံကြည်ထားတဲ့ မိတ်ကပ် ပညာရှင် လောင်ခမ်း

ရန်ကုန်၊ မေ ၃၀ ။              ။ တိုးတက်ပြောင်းလဲလာတဲ့ခေတ်မှာ ဖက်ရှင်ဒီဇိုင်းတွေနဲ့အတူ မိတ်ကပ်ပညာတွေဟာ လူထု ကြားမှာ ပိုမိုစီးမျောလာပါတယ်။ မိတ်ကပ်ကို အရင်ကတော့ အလှအပခြယ်သမှုတစ်ခုအဖြစ်နဲ့ အသုံး ပြုလာခဲ့ပေမယ့် အခုအခါမှာတော့ ဖန်တီးမှုတွေနဲ့ပါ ခြယ်သလာတာကို တွေ့ရပါတယ်။ မြန်မာ့ရုပ် ရှင်တွေမှာလည်း သရဲဆန်ဆန်၊ စိတ္တဇဆန်ဆန် ဇာတ်ဝင်ခန်းတွေမှာလညး မိတ်ကပ်ဖန်တီးမှုတွေကို ပိုမိုအသုံးပြုလာတဲ့အတွက် Horror မိတ်ကပ်ခြယ်သခြင်းကို သင်ကြားပေးနေတဲ့ မိတ်ကပ်နဲ့ ဆံပင် ပညာရှင် မိတ်ကပ်လောင်ခမ်းနဲ့ တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တာတွေကတော့..

မေး။ ။ ပထမဆုံးအနေနဲ့ ဒီမိတ်ကပ်သင်တန်းကျောင်း စဖွင့်ဖြစ်တဲ့အချိန်နဲ့ ဖွင့်ဖြစ်တဲ့ အကြောင်း လေး ရှင်းပြပေးပါ။

ဖြေ။ ။ ဒီသင်တန်းကို ၂၀၁၅ ခုနှစ် ဇွန်လမှာ စဖွင့်ဖြစ်တာပါ။ ဒီသင်တန်းကျောင်းကို ဖွင့်လှစ်ရ တဲ့ ရည်ရွယ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိတ်ကပ်နဲ့ ဆံပင်ပိုင်းကို စိတ်ဝင်စားတဲ့လူငယ်တွေ ရော၊ ပြီးတော့ ဒါကို အသက်မွေးဝမ်းကျောင်းပြုမယ့်သူတွေရော ပရော်ဖက်ရှင်နယ်အနေနဲ့ ရပ်တည် လို့ရအောင် ဖွင့်လှစ်ဖြစ်ခဲ့တာပါ။ 

မေး။ ။ ဒီသင်တန်းမှာ ဘယ်လို မိတ်ကပ်ပြင်နည်းတွေ အမျိုးအစားတွေကို သင်ပေးဖြစ်လဲ။ 

ဖြေ။ ။ ကျွန်တော်တို့ ဒီ Thailand Mark up And Hair Studio ကနေပြီးတော့ နံပါတ် ၁ အနေနဲ့ horror ပုံစံပေါ့။ အဲဒါကို နိုင်ငံတကာမှာ ပြုလုပ်နေတဲ့ ဇာတ်လမ်းတွေမှာ မိတ်ကပ်ပြုလုပ်ချက်တွေကို လေ့လာပြိး လိမ်းခြယ်တက်အောင် horror မိတ်ကပ်လိမ်းခြယ်တဲ့ပုံစံ။ နောက် နံပါတ် ၂ အနေနဲ့ ဘာဘီ doll ပေါ့။ ဇာတ်ကောင်လေးတွေရဲ့ ပုံစံပေါ့နော်။ကာတွန်းဇာတ်ကောင်လေးတွေနဲ့ လိုက်ဖတ်တဲ့ ပုံစံ အဲဒါလေးတွေ သင်ပေးတယ်။ နောက် နံပါတ် ၃ အနေနဲ့ကတော့ မြန်မာသတို့သမီး မိတ်ကပ် လိမ်းခြယ်ခြင်းပေါ့။ အဲဒါနဲ့အတူ ထိုင်းနိုင်ငံမှာ အသုံးပြုနေတဲ့ မိတ်ကပ်လိမ်းခြယ်ခြင်း ပုံစံလေးတွေ သင်ပေးပါနယ်။ ဆံပင်ပိုင်းမှာဆိုရင်တော့ မြန်မာသတို့သမီးဆံထုံးနဲ့ နိုင်ငံတကာမှာ ဆင်ယင် ထုံးဖွဲ့နေတဲ့ ဖန်တီးမှုပါဝင်တဲ့ ဆံထုံးတွေအပြင် ထိုင်းနိုင်ငံမှာ အသုံးပြုနေတဲ့ ဖန်ဆီပုံစံလေး တွေကို သင်ကြားပေးနေပါတယ်။

မေး။ ။ ဒီသင်တန်းကနေ သင်ကြားထားတဲ့ သင်တန်းသားတွေအတွက် ဖန်တီးမှုတွေကို ဘယ်လို အသုံးချမလဲ။

ဖြေ။ ။ ဒီသင်တန်းကို သင်ပေးဖြစ်တဲ့ပုံစံကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရုပ်ရှင်ကား တွေပေါ့။ ရုပ်ရှင်ကားတွေမှာ စိတ္တဇဆန်ဆန်တွေ၊ စိတ္တဇပုံစံမျိုးတွေ၊နောက် ဒီသရဲနဲ့ ပတ်သက်တဲ့ ကားမျိုးတွေဆိုရင် အရင်တုန်းက ကြည့်လိုက်မယ်ဆိုရင် သရဲဆိုရင် သိတယ်မှတ်လား မျက်လုံးမှာ အမည်းတွေနဲ့ ပြီးရင် နှုတ်ခမ်းမှာ အမည်းတွေနဲ့ မျက်နှာတွေ တစ်ခုလုံးဖွေးနေတဲ့ ပုံစံမျိုးပေါ့။ အဲဒါမျိုးတွေ တွေ့ရတဲ့အခါ ကျွန်တော်က အဲဒီလို ပုံစံမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ သင်တန်း ကျောင်းက တက်သွားတဲ့သူတွေက ဒီရုပ်ရှင်လောကမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ပြည်ပမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ဘာသာဖန်တီးမှုရမယ့် ဒီ Horror ပေါ့။ ဒါကြောင့် ဒီ horror အပိုင်းကို ပိုပြီး အဓိက သင်ကြားပေးဖြစ်ပါတယ်။ 

မေး။ ။ ဒီသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားတွေ သင်တန်းပြီးတဲ့အခါ ဘယ်လို အာမခံချက်တွေနဲ့ သူတို့ဘဝကို ရှေ့ဆက်နိုင်မလဲ။ 

ဖြေ။ ။ ဒီသင်တန်းမှာ တက်ရောက်တဲ့သင်တန်းသားတွေအနေနဲ့ မိတ်ကပ်ဆံထုံးအပြင် ဆံပင်ဆေးဆိုးတာ၊ ဆံပင်ညှပ်တဲ့အပိုင်းတွေနဲ့ ဆံပင်ကောက်တာ ဖြောင့်တာတွေ သင်ပေးတယ်။ မိတ်ကပ်နဲ့ ပတ်သက်ပြီး ရပ်တည်ချင်တယ်ဆိုရင်ပေါ့နော်  အနုပညာပိုင်းမှာ မိတ်ကပ်ဆံပင်က မရှိမဖြစ် လိုအပ်တယ်။ ဒီအနုပညာလောကထဲ မဝင်ဘူး။ ပုံမှန် ဆိုင်ပဲဖွင့်မယ့်သူတွေအတွက်ကတော့ နေ့တိုင်း ဆေးဆိုးတာတို့၊ ဆံပင်ညှပ်တာတို့၊ ခေါင်းလျှော်တာတို့ လုပ်ရမှာဖြစ်တာကြောင့် ဒီသင်တန်း ပြီးတာနဲ့ ကိုယ့်ဘာသာ ဆိုင်ဖွင့်နိုင်အောင် အာမခံချက်အပြည့်အဝပါတဲ့ သင်ကြားမှုတွေနဲ့ သင်ကြား ပေးခဲ့တာပါ။ 

မေး။ ။ ဒီသင်တန်းက ဘယ်နှစ်ရက်ကြာတဲ့ သင်တန်းမျိုးလဲ။

ဖြေ။ ။ အရင်ကတော့ ၇ ရက်သင်တန်းလေးတွေ ဖွင့်ဖြစ်တယ်။ အခုတော့ အဲဒီလိုတွေ မဖွင့်ဖြစ်တော့ပါဘူး။ ဒီလိုသင်တန်းကတော့ ၄၅ ရက်ကြာပါတယ်။ ရန်ကုန်မှာ ရက်ပေါင်း ၃၀ နဲ့ ဘန်ကောက်မှာ ၁၄ ရက်ပါ။

မေး။ ။  ဘာကြောင့် ဘန်ကောက်မှာ ဖွင့်ဖြစ်တာလဲ။ 

ဖြေ။ ။ ဘန်ကောက်နဲ့ ဘာလို့ ဖွင့်ဖြစ်တာလဲဆိုတော့ ကျွန်တော်သွားရောက်လေ့လာနေတဲ့ နေရာတွေမှာဆိုရင် သူတို့ဟာ သူတို့နိုင်ငံမှာသင်ကြားပြီးပေမယ့်လည်း ရပ်တန့်မသွားဘူး။ ဘန်ကောက်မှာ သင်ပြီးပြီဆိုရင် အမေရိကားတို့၊ စင်ကာပူတို့၊ မလေးရှားတို့မှာ ဆက်လက်ပြီး လေ့လာတယ်။ ကိုယ့်နိုင်ငံကလူတွေလည်းပေါ့နော် ဒီပညာလေးတွေနဲ့ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘဲ အခြားနိုင်ငံတွေမှာပါ ဆက်လက်လုပ်ကိုင်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံမှာပါ ဆက်လက်သင်ကြားပေးခဲ့တာပါ။

မေး။ ။ ထိုင်းမှာ သွားသင်တယ်ဆိုတော့ ထိုင်းက မိတ်ကပ်ဆရာတွေလည်း ပါတာပေါ့။ အဲဒီလို သင်တန်းဆရာတွေပါလာပြီဆိုရင် သင်တန်းသားတွေအတွက် ဘာအခက်အခဲတွေရှိလဲ။

ဖြေ။ ။ ဟုတ် ထိုင်းက မိတ်ကပ်ဆရာတွေနဲ့ပါ ဆက်လက်သင်ကြားပေးတာပါ။ သင်ကြားမှုနဲ့ ပတ်သက်ပြီးဆိုရင် သူတို့အတွက် အခက်အခဲက အဓိက ဘာသာစကားပဲ။ ထိုင်းက လူတွေက အင်္ဂလိပ်စကားသိပ်မကောင်းတော့ သင်ကြားမှုကို ထိုင်းဘာသာနဲ့ပဲ သင်တယ်။ အဲဒီအတွက် ဒီကနေ ထိုင်းစကားပြန်ပေါ့ မြန်မာနိုင်ငံသား ထိုင်းလိုဘာသာပြန်ပေးမယ့် တစ်ယောက်ကို ထည့်ပေးလိုက် ပါတယ်။

မေး။ ။ ဒီလို နိုင်ငံတကာက ဆရာတွေက သင်ကြားပေးတာဆိုတော့ သင်တန်းသားတွေအတွက် ဘာတွေအကျိုး ထူးလာနိုင်မလဲ။

ဖြေ။ ။ ဒီမှာ မြန်မာနိုင်ငံကသင်ပေးတာတော့ မြန်မာမိတ်ကပ်နဲ့ မြန်မာဆံထုံးထုံးနည်းတွေပေါ့။ ပြီးရင် ထိုင်းမိတ်ကပ်နဲ့ ပတ်သက်တာတွေ၊ ထိုင်း ဆံပင်ပုံစံတွေနဲ့ ပတ်သက်တာတွေ၊ ပြီးတော့ horror နဲ့ ပတ်သက်တာတွေကို ကျွန်တော်က သင်တယ်။ ဆံပင်ပိုင်းမှာဆိုရင်တော့ ဆရာမ ဒေါ်နီလာဝင်း ကျော်က ဆေးဆိုးတာ ကောက်တာတွေ သင်တယ်။ ဘန်ကောက်ကိုရောက်သွားပြီဆိုရင်တော့ သူတို့တွေဟာ အဆင့်မြင့်ပေါ့။ ပြည်တွင်းမှာသင်ကြားပေးခဲ့တာတွေထက် ဘာတွေများ ပိုသိနိုင်မလဲ ဆိုပြီး အဆင့်မြင့် ပညာရပ်တွေကို ဘန်ကောက်မှာ ဆက်သင်ပေးတာပါ။ သင်ပေးတဲ့ဆရာတွေဟာ လည်း နိုင်ငံတကာက ပရော်ဖက်ရှင်နယ်ဆရာတွေနဲ့ သေချာသင်ကြားပေးတာပါ။

မေး။ ။ ဒီသင်တန်းကရော လူငယ်တွေအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမလဲ။

ဖြေ။ ။ ဟုတ်ကဲ့ ဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်လည်း လူငယ်တွေအတွက် အဓိကဖွင့်ဖြစ်တာပါ။ အချို့က ဝါသနာပါတယ်။ ငွေရေးကြေးရေး အဆင်မပြေကြတော့ မတက်ဖြစ်ကြဘူးလေ။ ဒီမှာတော့ ဝါသနာပါတဲ့သူတွေအတွက် အသက်သာဆုံးပြုလုပ်ပေးတဲ့အတွက် ဝါသနာရှင် မိတ်ကပ်မျိုးဆက် သစ်လူငယ်တွေ ပိုပြီး တက်ဖြစ်ကြတယ်။ ပြီးတော့ အလှမိတ်ကပ်တစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာ က ပြင်ဆင်တဲ့ပုံစံတွေပါ သင်ကြားပေးတဲ့အတွက် နိုင်ငံတကာကပါ သင်ကြားပေးတဲ့အတွက် ပိုပြီးတော့ အမြင်ကျယ်စေလာတယ်။ ပိုပြီး လူငယ်တွေအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါ တယ်။ 

မေး။ ။ မိတ်ကပ်ဖန်တီးမှုကို ဝါသနာပါတဲ့ လူငယ်တွေအတွက် ဒီနေရာကနေ စကားလက်ဆောင် ပြောပေးပါအုံး။ 

ဖြေ။ ။ ဘယ်သူတွေပဲ ဖြစ်ဖြစ်ပါ။ ကိုယ်ယုံကြည်ရာကို ရှေ့ဆက်သွားပါ။ ကိုယ့်ရဲ့ life က ဘယ်လိုပုံစံလဲ ဘယ်လိုပုံစံနဲ့ရပ်တည်ချင်လဲဆိုတာကလည်း လူငယ်တစ်ယောက်အတွက် အရေးကြီး တယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ သင်တန်းကျောင်းကို လာလေ့လာတာပဲ ဖြစ်ဖြစ်၊ လာသင်ချင် တာပဲ ဖြစ်ဖြစ်ပေါ့ ရောက်ခဲ့ပြီဆိုရင် သမရိုးကျ မြင်နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဆန်းသစ်မှုတွေ၊ ယုံကြည် မှုတွေကို သင်ကြားပေးတယ်။ ပြီးတော့ လူတစ်ယောက်က ဘယ်လောက်ပဲ နိုင်ငံတကာ ပညာတွေ တတ်ပါစေ ဆန်းသစ်မှုရှိမှ ယုံကြည်မှုရှိမှ  လူငယ်တစ်ယောက်ရဲ့ ဘဝပြောင်းလဲလို့ရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေပေးပါတယ်လို့။ ဒါကြောင့် ဝါသနာပါတဲ့ လူငယ်တွေကိုလည်း သင်တန်းကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly