မန်းမင်္ဂလာစျေးကို ယာယီစျေးတည်ဆောက်ရန် တင်ဒါရွေးချယ်

မန်းမင်္ဂလာစျေးကို ယာယီစျေးတည်ဆောက်ရန် တင်ဒါရွေးချယ်

မန္တလေး၊ မေ ၃၀ ။              ။ မန္တလေးမြို့ မီးဘေးသင့် မင်္ဂလာဈေးမှ ဈေးသူဈေးသားများအတွက် ယာယီဈေးတည်ဆောက်ပေးရန် တင်ဒါတင်ထားသည့် ဆောက်လုပ်ရေးကုမ္ပဏီများအား မေ ၃၀ ရက်က ရွေးချယ်လိုက်ပြီ။

''ပွင့်လင်းမြင်သာစွာရွေးချယ်တာဖြစ်တယ်။ ဈေးကိုမှီခို နေတဲ့သူတွေ အကျိုးရှိအောင်ဆောင်ရွက်ရမှာပါ။"ဟု စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်တင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် တင်ဒါကုမ္ပဏီကို မဲနှိုက်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာယီဆိုင်ခန်းများကို မဟာနွယ်စဉ် အားကစားကွင်းတွင် တည်ဆောက်ပေးမည်ဖြစ်သည်။ တည်ဆောက်ရန်အတွက် ကုမ္ပဏီ ၅ ခုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့ခေတ်၊ KT နှင့် မဟာမြတ်သိဂီ ၤဆောက်လုပ်ရေးကုမ္ပဏီတို့က တင်ဒါအောင်ခဲ့ကြသည်။

တင်ဒါအောင်မြင်သော ကုမ္ပဏီများသည် ယာယီဈေးကို နှစ်လဖြင့် အပြီးတည်ဆောက်ရမည်ဖြစ်ပြီး မြန်မာ့ခေတ်ဆောက်လုပ်ရေးကုမ္ပဏီက အတည်ပျံကျဆိုင်ခန်း ၃၃၆ခန်း၊ KT ဆောက်လုပ်ရေးကုမ္ပဏီနှင့် မဟာမြတ်သိဂီ ၤဆောက်လုပ်ရေးကုမ္ပဏီတို့မှာ ပျံကျ ဆိုင်ခန်း ၂၆၀ တို့ကို တည်ဆောက်ပေးရမည်ဖြစ်သည်။

အဆိုပါ မန္တလေးမင်္ဂလာဈေးသည် ၂၀၁၆ခုနှစ်၊ မတ်လ ၂၂ ရက် ညနေပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required