မောင်နှမမြို့တော် ပရာကျွတ်သို့ မြိတ်ကုန်သည်စက်မှုအသင်းက ချစ်ကြည်ရေးသွား

မောင်နှမမြို့တော် ပရာကျွတ်သို့ မြိတ်ကုန်သည်စက်မှုအသင်းက ချစ်ကြည်ရေးသွား

မောတောင်၊ မေ ၃၀ ။                  ။ မြိတ်မြို့ခရိုင် မောတောင်နယ်စပ်ဒေသ နှင့် တစ်ဆက်တည်းရှိသည့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့သို့ မြိတ် ကုန်သည် နှင့် စက်မှုလုပ်ငန်းရှင်များအသင်းက မေ ၃၀ရက်က ချစ်ကြည်ရေး သွားရောက်ခဲ့သည်။

ထိုင်းနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် ပရာကျွတ်သည် မြိတ်ခရိုင် နှင့် ပြီးခဲ့သည့် နှစ်က မောင်နှမမြို့တော်အဖြစ် သဘောတူစာချွန်လွှာရေးထိုးထားပြီးနောက် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ်တစ်ခုလည်းဖြစ် သည်။

“နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု အသင်း၏ ဒုတိယဥက္ကဋ္ဌ  ဦးထွန်းထွန်းဝင်းက ဆိုသည်။

အဆိုပါခရီးစဉ်အား မြိတ်ခရိုင် ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလှသန်းက စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြိတ်ခရိုင်မှ ချစ်ကြည်ရေးခရီးစဉ် ထွက်ခွာလာခဲ့သည့် လေ့လာသူများကို ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် နယ်စပ်ဂိတ်ဖြစ်သည့် (SINGKHORN PASS) ဂိတ်မှ စတင်ကြိုဆိုခဲ့ပြီး ခရီးစဉ်ကို ဆက်လက်ထွက်ခွာခဲ့သည်။

ခရီးစဉ်အတွင်း ပရာကျွတ်မြို့ရှိ ပြတိုက်၊ ပြခန်းများ၊ ကမ်းခြေ၊ ရေပေါ်ဈေး၊ ကုန်တိုက်များ၊ ဈေးများ၊ ပရာကျွတ်ပင်လယ်အော် စသည့်နေရာများအပြင် ဈေးများကိုလည်း လေ့လာမည်ဟု ဦးထွန်းထွန်းဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာနှင့် မတ်လများကလည်း ထိုင်းနိုင်ငံမှ မြိတ်ခရိုင်သို့ လေ့လာ ရေးခရီးစဉ်အဖြစ် သုံးကြိမ်တိတိ ယာဉ်တန်းများဖြင့် လာရောက်လေ့လာခဲ့သည်။

ယခုကဲ့သို့ မြိတ်ခရိုင်နှင့် ပရာကျွတ်ခရိုင် မောင်နှမမြို့တာ်ဖြစ်လာခဲ့ပြီးနောက် ပထမဆုံးအကြိမ်လေ့ လာခွင့်ရသည့် ခရီးစဉ်၌ မြိတ်ခရိုင်မှ ယာဉ်အစီးရေ ၂၂ စီးနှင့် လေ့လာသူဦးရေ ၈၁ ဦးလိုက်ပါလေ့လာနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly