လယ်ယာချေးငွေကိစ္စ ဧရာဝတီတိုင်းအမတ် တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်

လယ်ယာချေးငွေကိစ္စ ဧရာဝတီတိုင်းအမတ် တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်

ပုသိမ်၊ မေ ၃၀ ။              ။ ဧရာဝတီတိုင်းအတွင်း လယ်ယာချေးငွေများနှင့်ပတ်သက်ပြီး ဝါးခယ်မြို့၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက တိုင်းလွှတ်တော်တွင် မေ ၃၀ ရက် က မေးခွန်းစတင်မေးမြန်းခဲ့သည်။

"နှစ်စဉ်အရှုံးပေါ်တောင်သူလယ်သမားများမှ နှစ်ရှည်ချေးငွေများချေးပေးစေလိုကြောင်း ဆန္ဒပြုတောင်းဆိုလာသဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ပေးမည့်အခြေအနေအား လွှတ်တော်မှတဆင့် မေးမြန်းကြောင်း" ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးဦးဘဟိန်းက "နှစ်ရှည်ချေးငွေများချေးပေးရန် အဓိကအားဖြင့် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ တောင်သူလယ်သမားများသို့ နှစ်ရှည်ချေးငွေထုတ်ချေးပေးလျှက်ရှိတဲ့ ရာသီအလိုက် မိုးရာသီဘဏ်ချေးငွေ၊ ဆောင်းရာသီဘဏ်ချေးငွေ၊ မိုးတို ချေးငွေများကို တစ်ရာသီနှစ်ချင်းဆပ် သီးနှံထုတ်လုပ်မှုဘက် ချေးငွေများအဖြစ် ထုတ်ချေးပေးပါတယ်။ နှစ်တို ချေးငွေကို တနှစ်မှာသုံးနှစ်အထိပေးဆပ်ရမည်ချေးငွေဖြစ်ပြီး စုဆောင်ဆုငွေအဆဖြင့် တောင်သူများ ဆန္ဒအရ တောင်းဆိုတင်ပြလာသော် လယ်ယာသုံးစက်ကိရိယာကို သုံးနှစ် သုံးရစ်ဆပ်စနစ်နဲ့ထုတ်ချေးထားသော်ချေးငွေဖြစ်ပါတယ်။ ၎င်းချေးငွေများအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်နှင့် စက်မှု လယ်ယာဦးစီးဌာနနှင့် အမှတ် ၂ စက်မှုဝန်ကြီးဌာနတို့ ညှိနှိုင်းမှုဖြင့် စက်ဝယ်သူတောင်သူများသို့ ထုတ်ချေးပါတယ်"ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။

နှစ်ရှည်ချေးငွေမှာ ၄နှစ်မှ ၂၀နှစ်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ထုတ်ချေးထားခြင်း မရှိကြောင်း နှင့် နှစ်ရှည်ချေးငွေကို ကော်ဖီ၊ လ္ဘက်၊ ဆီအုန်း၊ ရာဘာစိုက်သူများကို ဒေသအလိုက် ထုတ်ချေးမှု ရှိကြောင်း ဝန်ကြီးက ဆက်ရှင်းပြခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ရက်မြောက်နေ့တွင် မေးခွန်းနှစ်ခုသာမေးမြန်းခဲ့ပြီး၊ မေးခွန်း နှစ်ခုလုံးကို ဝါးခယ်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required