ရီးယဲလ် ချန်ပီယံလိဂ်ဖလားရပြီးနောက် ပီရက်ဇ်နှင့် ဘာစီလိုနာ ပရိသတ်တစ်ဦး ငြင်းခုံမှု ဖြစ်ပွားခဲ့

ရီးယဲလ် ချန်ပီယံလိဂ်ဖလားရပြီးနောက် ပီရက်ဇ်နှင့် ဘာစီလိုနာ ပရိသတ်တစ်ဦး ငြင်းခုံမှု ဖြစ်ပွားခဲ့

ပြီးခဲ့တဲ့ စနေနေ့က ရီးယဲလ်မက်ဒရစ်က (၁၁) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ချိန်မှာ ဖလော်တီနိုဖာ ပီရက်ဇ်က ဘာစီလိုနာ ပရိသတ်တစ်ဦးနဲ့ အပြန်အလှန် ငြင်းခုံ လှောင်ပြောင် ပြောဆိုနေတာကို ဗီဒီယိုဖိုင်တစ်ခုက ပေါ်ထွက်လာပါတယ်။

ရီးယဲလ်က ဒီပွဲမှာ ပိုကောင်းခဲ့တဲ့ အက်သလက်တီကိုကို ပုံမှန်ပွဲချိန်၊ အချိန်ပိုအတွင်း သရေကျနေတာကြောင့် ပင်နယ်တီကန်ဖို့ လိုအပ်ခဲ့ရာ ရော်လ်နယ်ဒိုက အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် သွင်းနိုင်တာကြောင့် အနိုင်ရပြီး ရီးယဲလ်တို့ ဥရောပ ချန်ပီယံဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ၎င်းအချိန်မှာ ရီးယဲလ် ဥက္ကဋ္ဌ ပီရက်ဇ် အနားထိုင်နေတဲ့ ဘာစီလိုနာ ပရိသတ်တစ်ဦးက ဥရောပမှာ ဘယ်အသင်းက အကောင်းဆုံးလဲလို့ မေးတာကို ပီရာဇ်က မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။

“ဘာစီလိုနာဟာ အကောင်းဆုံးအသင်းဖြစ်တာ ပီရက်ဇ်, ခင်ဗျား အသိအမှတ်ပြုဖို့လိုတယ်”လို့ အဆိုပါ ဘာစီလိုနာ ပရိသတ်က ပြောပါတယ်။

ဒါပေမယ့် ရီးယဲလ် ဥက္ကဋ္ဌက “မင်းတို့က (ဘာကာ) ဖလား (၅) လုံး၊ ငါတို့က (၁၁) လုံး ...”လို့ ပြန်လည် ပြောခဲ့ပါတယ်။

“ဒါပေမယ့် သူတို့ တစ်တွေ (ရီးယဲလ် ကစားသမားများ)ဟာ ‘ကောင်းမွန်’တဲ့ မျိုးဆက်တစ်ခု မဟုတ်ဘူး”လို့ ၎င်းဘာစီလိုနာ ပရိသတ်က တုံ့ပြန်ပါတယ်။

“ငါတို့က ခုချိန်မှာ (၁၁) ကြိမ် ရထားတယ်”လို့ ရီးယဲလ်ရဲ့ (၁၁) ကြိမ်မြောက် ဥရောပဖလား ရရှိတာကို သူ့ရဲ့ လက်ချောင်းတွေ ထောင်ပြပြီး ပီရက်ဇ်က ငြင်းခုံမှုကို အဆုံးသတ်ခဲ့ပါတယ်။

မဇ္ဈိမသတင်းဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required