ရေပိုင်နက်အတွင်း တရားမဝင် ၀င်ရောက်လာသော တရုတ်သင်္ဘောကို အင်ဒိုနီးရှား ဖမ်းဆီးထား

ရေပိုင်နက်အတွင်း တရားမဝင် ၀င်ရောက်လာသော တရုတ်သင်္ဘောကို အင်ဒိုနီးရှား ဖမ်းဆီးထား

မေ ၃၀ ။              ။ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးခိုးဖမ်းခဲ့သည်ဟု သံသယရှိရသော တရုတ် သင်္ဘောတစ်စီးကို မေလ ၂၉ ရက်တွင် အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခင်တစ်ကြိမ်ကလည်း အင်ဒိုနီးရှားတို့က နိုင်ငံရေပိုင်နက်အတွင်း ခိုးဝင်လာခဲ့သော တရုတ်ငါးဖမ်းသဘောၤတစ်စီးကို ဖမ်းဆီးခဲ့ဖူးရာ ယခုတစ်ကြိမ်သည် ဒုတိယမြောက် တရုတ်သင်္ဘောတစ်စီးကို ဖမ်းမိခြင်းပင်ဖြစ်သည်။

အင်ဒိုနီးရှား စစ်တပ်၏ မေလ ၂၉ ရက် ထုတ်ပြန်ချက်အရ ယင်းနေ့က နာတူဒါ ကျွန်းများအနီး ရေပြင်တွင် Gui Bei Yu အမည်ရ တရုတ် သင်္ဘောကို အင်ဒို စစ်တပ်မှ ကင်းလှည့်ရေယာဉ်က တွေ့ရှိခဲ့ပြီးနောက် ထိန်းသိမ်းခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" တရုတ်ငါးဖမ်းသင်္ဘော ကို ဖမ်းမိခဲ့ပါတယ်၊ နာတူဒါ ကျွန်းဆီကို ခေါ်လာခဲ့တာပါ၊ အဲဒီမှာ ထိန်းသိမ်းထားပါတယ်" ဟု အင်ဒို စစ်တပ် မှ ဗိုလ်ချုပ် အေ တော်ဖစ်အာက ပြောသည်။
ယခု ငါးဖမ်းသင်္ဘောနှင့်အတူ လူ ရှစ်ဦးကိုပါ ဖမ်းဆီးထားသည်ဟု ဆိုသည်။

ယခုနှစ် မတ်လအတွင်းကလည်း အဆိုပါ နာတူဒါ ကျွန်း ရေပြင်သို့ ရောက်ရှိလာသော တရုတ်ငါးဖမ်းသင်္ဘောတစ်စီးကိုလည်း အင်ဒိုအာဏာပိုင်များက ဖမ်းဆီးခဲ့မှုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ထားခဲ့သည်။

ယင်းဖြစ်စဉ်တွင် တရုတ်ငါးဖမ်းသင်္ဘောမှာ တရားမဝင် ငါးခိုးဖမ်းသည်ဟု အင်ဒိုဘက်က စွပ်စွဲခဲ့ချိန်တွင် တရုတ်အစိုးရကလည်း ယင်းလုပ်ရပ်မှာ တရုတ်ငါးဖမ်းလုပ်ကွက်များတွင် ရှိနေသောသင်္ဘောကို အင်ဒိုဘက်က တိုက်ခိုက်ခြင်းဖြစ်ကြောင်း အပြန်အလှန်စွပ်စွဲခဲ့သည်။ နောက်ပိုင်းတွင်မူ နှစ်ဘက်ကျေအေးခဲ့ကြပြီး နားလည်မှုလွဲမှားခဲ့ခြင်းဖြစ်ကြောင်း အပြန်အလှန်ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required