ဖာဒီနန်ကို မန်ယူအသင်းနည်းပြအဖွဲ့သို့ မော်ရင်ဟိုခေါ်ယူလို

ဖာဒီနန်ကို မန်ယူအသင်းနည်းပြအဖွဲ့သို့ မော်ရင်ဟိုခေါ်ယူလို

မေ ၃၀၊ မန်ချက်စတာ ။               ။ မော်ရင်ဟိုသည် ဖာဒီနန်ကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖွဲ့သို့ ခေါ်ယူရန် ဆန္ဒရှိနေသည်။

နည်းပြအဖွဲ့တွင်ပါဝင်ရန် ဖာဒီနန်တွင်အရည်အချင်းရှိနေသည်ဟု နည်းပြသစ်မော်ရင်ဟိုကယူဆနေပြီး စုံစမ်းမှုများလည်း ပြုလုပ် ခဲ့ပြီးဖြစ်သည်။

ချယ်လ်ဆီး၊ အင်တာနှင့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်းသည် ဖာဒီနန်၏အမူအကျင့်နှင့် လူငယ်များကိုချဉ်းကပ်နိုင်စွမ်းကို အထင်ကြီးမှုရှိပြီး အသင်းတွင် ၂၀၀၂ မှ ၂၀၁၄ အတွင်း ကစားခဲ့ခြင်းကြောင့်လည်း အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်မည်ဟု ယုံကြည်နေသည်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း အသက် ၃၇ နှစ်အရွယ် ဖာဒီနန်သည် မော်ရင်ဟိုအတွက် လူငယ်ကစားသမားများ စုဆောင်းပေးရမည့် သံတမန်အဖြစ်ဆောင်ရွက်ရဖွယ်ရှိသည်။

ဘီတီနှင့် ဘီဘီစီတို့တွင် ရုပ်သံတင်ဆက်သူအဖြစ်ဆောင်ရွက်နေစဉ် ကလပ်အသင်းများက နည်းပြလောကသို့ဝင်ရောက်ရန် ကမ်းလှမ်းလာမှုများကို ပယ်ချခဲ့သည်ဟု ဖာဒီနန်က ယခုနှစ်အစောပိုင်းတွင် ပြောဆိုထားသည်။

သို့သော် နည်းပြလောကသို့မဟုတ် အသင်းစီမံခန့်ခွဲမှုလောကသို့ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပါက မော်ရင်ဟို၏ ကမ်းလှမ်းမှုမှာ အထောက်အကူဖြစ်ဖွယ်ရှိနေသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required