ဟန်နိုဗာဂိုးသမား ရွန်ရောဘတ်ဇီလာကို လက်စတာအသင်းခေါ်ယူမည်

ဟန်နိုဗာဂိုးသမား ရွန်ရောဘတ်ဇီလာကို လက်စတာအသင်းခေါ်ယူမည်

မေ ၃၀၊ လက်စတာ ။               ။ ဂိုးသမား ရွန်ရောဘတ်ဇီလာသည် ပရီးမီးယားလိဂ် ချန်ပီယံလက်စတာအသင်းသို့ပြောင်းရန် ဆွေးနွေးနေကြောင်း ၎င်း၏ကလပ် ဟန်နိုဗာအသင်းက ကြေညာသည်။

အသက် ၂၇ နှစ်အရွယ်ဇီလာသည် ပထမကစားသမားအဖြစ်ပွဲထွက်ခွင့်မရသော မန်ချက်စတာယူနိုက်တက်အသင်းမှ ၂၀၁၀ တွင် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

“အင်္ဂလန်မှာ သူဆေးစစ်မှုခံယူပါလိမ့်မယ်”ဟု ဂျာမန်ကလပ် ဟန်နိုဗာအသင်း ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။

၂၀၀၉ တွင် မန်ယူမှ နော်သမ်တန်သို့အငှားသွားကစားစဉ် လိဂ်-၁ ပွဲနှစ်ပွဲကစားခွင့်ရခဲ့သော ဇီလာသည် ဂျာမနီလက်ရွေးစင် အသင်းအတွက် ခြောက်ပွဲကစားထားသည်။

၂၀၁၄ ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းတွင်လည်း အသင်းသားအဖြစ်ပါဝင်ခဲ့သော်လည်း ပွဲထွက်ကစားခွင့်မရခဲ့ပေ။

လက်စတာနည်းပြ ရေနီယာရီသည် လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားကို ဖြည့်တင်းလိုနေသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly