ပါကစ္စတန်နိုင်ငံက ရုပ်သံများတွင် သန္ဓေတားကြေညာများအား တားမြစ်

ပါကစ္စတန်နိုင်ငံက ရုပ်သံများတွင် သန္ဓေတားကြေညာများအား တားမြစ်

ကရာချိ၊ မေ ၂၉ ။               ။ ပါကစ္စတန်နိုင်ငံက ရုပ်မြင်သံကြားအားလုံးတွင် သန္ဓေတားမြစ်ခြင်းနှင့် ပတ်သက်သည်များကို ကြေညာခြင်းအား အာဏာပိုင်များက တားမြစ်လိုက်သည်။

အပြစ်ကင်းစင်သည့် ကလေးငယ်များတွင် ယင်းကြေညာများအပေါ် စူးစမ်းလိုစိတ်များ စေ့ဆော်မှုဖြစ်ရသည်ဟု ပြည်သူများက အရေးဆိုကြကြောင်း စည်းကြပ်မှုအဖွဲ့ဖြစ်သည့် ပါကစ္စတန်ရုပ်သံမီဒီယာလှိုင်းစည်းကြပ်ရေးအာဏာပိုင်အဖွဲ့က ပြောသည်။

လူမှုအဖွဲ့အစည်းရှေးရိုးစွဲဆန်သည့် ပါကစ္စတန်နိုင်ငံတွင် အထက်ပါသန္ဓေတားမြစ်သည့် ကွန်ဒုံး၊ တားဆေးအစရှိသည့်အရာများကို ရောင်းဝယ်ဖောက်ကားခြင်းများကလည်း ရှားရှားပါးပါးပင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်းက Josh ကွန်ဒုံးအထူးကြေညာများကို လော်မာသည့်မကောင်းမှုဖြစ်သည်ဟုဆိုကာ တားမြစ်ခဲ့သည်။

ကမ္ဘာတွင် ခြောက်ခုမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သည့် ပါကစ္စတန်သည် ဒေသတွင်းနိုင်ငံများ၌ ကလေးမွေးဖွားမှုထိန်းချုပ်မှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required