ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်း စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိ

ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်း စာချုပ်သစ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိ

မေ ၂၉၊ မန်ချက်စတာ ။            ။ မန်ယူအသင်းသည် အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။

အင်္ဂလန်နှင့် သြစတြေးလျတို့၏ ခြေစမ်းပွဲစဉ်တွင် အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ရက်ရှ်ဖို့ဒ်မှာ အင်္ဂလန်၏ အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့သည်။

ကလပ်အသင်းနှင့်ရော နိုင်ငံအသင်းနှင့်ပါ ခြေစွမ်းပြလျက်ရှိသည့် ရက်ရှ်ဖို့ဒ်ကို မန်ယူအသင်းက တစ်ပတ်လုပ်ခလစာငွေ ပေါင်နှစ်သောင်းခွဲဖြင့် လေးနှစ်နှင့်အထက် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ခြင်း ဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် မူလက တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၅၀၀ သာ ရရှိပြီး မန်ယူအသင်း၏ အဝတ်လဲခန်းတွင် ပုံမှန်နေရာ မရှိသူပင် ဖြစ်သည်။ သို့သော် အင်္ဂလန်လူငယ်တိုက်စစ်မှူးသည် မန်ယူအသင်းက မစ်ဂျေလန်းအသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရသည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးပြီးနောက် ဆက်တိုက် ခြေစွမ်းပြကစားခဲ့သူ ဖြစ်သည်။

ရက်ရှ်ဖို့၏ အကိုဖြစ်သူမှာ မန်ယူအသင်းနှင့် စာချုပ်သစ်အတွက် အဓိက ဆွေးနွေးခဲ့သူ ဖြစ်ပြီး ဆက်လက်၍ Nike ကုမ္ပဏီနှင့်လည်း ဖိနပ်စပွန်ဆာအတွက် ဆွေးနွေးလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly