တရုတ်အချမ်းသာဆုံးသူဌေးကြီးက ဒစ္စနေလန်းဥယျာဉ်ကြီးကို အနိုင်ပြိုင်ရန် ဖျော်ဖြေရေးဥယျာဉ်ကြီး ဖွင့်လှစ်

တရုတ်အချမ်းသာဆုံးသူဌေးကြီးက ဒစ္စနေလန်းဥယျာဉ်ကြီးကို အနိုင်ပြိုင်ရန် ဖျော်ဖြေရေးဥယျာဉ်ကြီး ဖွင့်လှစ်

ပေကျင်း၊ မေ ၂၉ ။               ။ အမေရိကန်၏ ဒစ္စနေးလန်းဥယျာဉ်ကြီးနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် တရုတ်အချမ်းသာဆုံးသူဌေးကြီးက ကြီးမားသည့် ဖျော်ဖြေရေးဥယျာဉ်ကြီးကို တည်ဆောက်ဖွင့်လှစ်လိုက်သည်။

အရှေ့တောင်ပိုင်းမြို့နန်ချန်မြို့တွင် ရှော့ပင်းစင်တာများ၊ ရေအောက်ပြတိုက်များနှင့် စီးနင်းလည်ပတ်စရာနေရာများဖြင့် အမေရိကန်ဒေါ်လာ သုံးဘီလီယံဖိုး အကုန်အကျခံကာ "ဝန်ဒါမြို့"ဆိုသည့် ဖျော်ဖြေရေးဥယျာဉ်ကြီးကို တည်ဆောက်ဖွင့်လှစ်ခြင်းဖြစ်သည်။

ပိုင်ရှင်ဖြစ်သည့် သူဌေးကြီး ဝေါင်ကျင်လင်းက တရုတ်ယဉ်ကျေးမှုအတွင်း ဒစ္စနေးလန်းဝင်ရောက်လာခြင်းကို ဖယ်ထုတ်ပစ်လို၍ ယခုဥယျာဉ်ကြီးအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောသည်။

ဒစ္စနေးက လာမည့်လတွင် ရှန်ဟိုင်း၌ ဒစ္စနေးလန်းဥယျာဉ်ဖွင့်လှစ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required