အပြောင်းအရွှေ့ကာလအတွင်း အူဘာမီယန်းဒေါ့မွန်မှထွက်ခွာမည်

အပြောင်းအရွှေ့ကာလအတွင်း အူဘာမီယန်းဒေါ့မွန်မှထွက်ခွာမည်

မေ ၂၉၊ ဒေါ့မွန်။                 ။ အူဘာမီယန်းသည် အပြောင်းအရွှေ့ကာလအတွင်း ဒေါ့မွန်အသင်းမှထွက်ခွာရန်ပြင်ဆင်နေသည်ဟု ဂါဘွန်လက်ရွေးစင်အသင်းနည်းပြ ဂျော့ကော်စတာက ပြောသည်။

အသက် ၂၆ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းတွင်ခြေစွမ်းပြခဲ့ပြီး ၄၆ ပွဲကစား ၃၉ ဂိုးသွင်းထားသည်။

ယင်းကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းက စောင့်ကြည့်နေသော်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ ခန့်ထိ အကုန်ကျခံရ ဖွယ်ရှိနေသည်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး၏အေးဂျင့်နှင့်ဆွေးနွေးနေသည့် ရီးယဲလ်မက်ဒရစ်အသင်းကလည်း အူဘာမီယန်းကို မန်ချက်စတာ ယူနိုက်တက်နှင့်အပြိုင် ခေါ်ယူချင်နေသည်။

အူဘာမီယန်းသည် ဂါဘွန်အသင်း၏လာမည့်ပွဲစဉ်နှစ်ပွဲဖြစ်သော မော်ရီတန်နီးယား၊ အိုင်ဗရီကို့စ်တို့နှင့်ပွဲတွင်ပါဝင်လိမ့်မည်ဟု မျှော်လင့်ခံခဲ့ရ သော်လည်း အပြောင်းအရွှေ့ကိစ္စစဉ်းစားနေ၍ ခွင့်ပေးရန်တောင်းဆိုထားသည်။

"လက်ရွေးစင်အသင်းမှာသူ့ကိုမရွေးဖို့ အူဘာမီယန်းကတောင်းဆိုထားပါတယ်။ အသင်းပြောင်းဖို့လုပ်နေရလို့ပါ"ဟု ဂါဘွန်နည်းပြ ကော်စတာကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly