မန္တလေးတွင် လောင်းကစားမှုပပျောက်ရေး ဂိမ်းဆိုင်များကို စတင် စစ်ပြီ

မန္တလေးတွင် လောင်းကစားမှုပပျောက်ရေး ဂိမ်းဆိုင်များကို စတင် စစ်ပြီ
(ဓာတ်ပုံ၊ရဲအုပ် ကံအောင်မြင့်)

မန္တလေး၊ မေလ ၂၈ ။            ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် လောင်းကစားမှု ပပျောက်စေရန် ဂိမ်းဆိုင်များနှင့် ကစားကွင်းများကို မေလ၂၈ ရက်က စတင်စစ်ဆေးနေပြီဖြစ်သည်။

အောင်မြေသာစံ အမှတ်(၂)ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဇော်ဝင်းမိုး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဝင်ရောက်စစ်ဆေးမှုနေပြီဟု အမှတ်(၂)ရဲစခန်းမှ ရဲအုပ်ကံအောင်မြင့်ကပြောသည်။

"ဂိမ်းဆိုင်တွေနဲ့ကစားကွင်းတွေကို ဝင်စစ်ဆေးတာပါ။ အဓိကကတော့ ငါးမန်းဂိမ်း ကစားခြင်းရှိမရှိ စစ်ဆေးတယ်။ လိုင်စင်ရှိမရှိလည်း စစ်ဆေးတယ်။ လောင်ကစားမှုတွေ ပပျောက်အောင်လို့ပါ။"ဟု ရဲအုပ် ကံအောင်မြင့် ကပြောသည်။

ရတနာပုံ၊ ဒုံးပျံ၊ AK စသည့်ကလေးကစားကွင်းနှင့်ဂိမ်းဆိုင်များကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့တွင် ငါးမန်းဂိမ်းလောင်းကစားမှုများရှိနေခြင်းကြောင့် မြို့နယ်အလိုက် စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required