စပါးခင်းအတွင်း ဘက်ထရီရှော့ရိုက် ငါးရှဉ့်ဖမ်းဆီးသူ နှစ်ဦးအား ငါးလုပ်ငန်းဥပဒေဖြင့် အရေးယူထား

စပါးခင်းအတွင်း ဘက်ထရီရှော့ရိုက် ငါးရှဉ့်ဖမ်းဆီးသူ နှစ်ဦးအား ငါးလုပ်ငန်းဥပဒေဖြင့် အရေးယူထား

မုံရွာ၊ မေ ၂၈ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၌ စပါးခင်းများအတွင်း ဘက်ထရီရှော့ရိုက် ငါးရှဉ့်ဖမ်းဆီးသူ နှစ်ဦးအား ရေချိုငါးလုပ်ငန်း ဥပဒေဖြင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ငါးရှဉ့်ဖမ်းဆီးသူ နှစ်ဦးထံတွင် ၁၂ ဗို့ဘက်ထရီ(၂)လုံး၊ အင်ဗာတာကွိုင်ထုပ်(၂)ထုပ်၊ ဘက်ထရီအိုးထည့် ပလပ်တစ်ပုံးဟောင်း(၂)လုံး၊ ဝါးရိုက်တပ်သံချွန်ရှော့တံ(၄)ချောင်း၊ ငါးရှဉ့်ထည့် ပလပ်စတစ်ပုံးအဟောင်း (၂)လုံး တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရွှေဘိုမြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု ရွှေဘိုမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းကြောင့် ရွှေဘိုငါးလုပ်ငန်းဦးစီးဌာနနှင့် ဆက်သွယ်၍ ဘက်ထရီရှော့ရိုက် ငါးရှဉ့်ဖမ်းဆီးသူ နှစ်ဦးအား အရေးယူပေးပါရန် ရွှေဘိုခရိုင် ငါးလုပ်ငန်းရေး ဦးစီးဌာနမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး   ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၄၅ အရ အမှုရေးဖွင့်ထားကြောင်း ရွှေဘိုမြို့မရဲစခန်းမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required