တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရရှိထားတဲ့ YG Entertainment

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ရရှိထားတဲ့ YG Entertainment

ဆိုးလ်၊ မေ ၂၈ ။           ။ တောင်ကိုရီးယား ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်သော YG Entertainment သည် တရုတ် အင်တာနက် ကောပိုရေးရှင်း Tencent နှင့် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် လက်မှတ်ရောင်းချသည့် ကုမ္ပဏီ Weiying တို့မှ ရင်းနှီးမြှုပ်နှံမှု ဝမ်ငွေ ၁၀၀ ဘီလျံ ရရှိထားကြောင်း ပြောကြားခဲ့သည်။

Tencent  ကုမ္ပဏီ၏ ဗီဒီယို၊ ရုပ်ရှင်နှင့် ဒရမ်မာဌာန အကြီးအကဲ Suman Wang၊ Weiying ကိုယ်စားလှယ် Ning Lin တို့နှင့် Seoul Hyatt ဟိုတယ်၌ မေ ၃၁ ရက်တွင် တွေ့ဆုံသွား မည်ဖြစ်ကြောင်း YG Entertainment ကိုယ်စားလှယ် ယောင်မင်ဆွတ်ခ်က ပြောကြားသည်။

Tencent  နှင့် Weiying တို့သည် အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် အမေရိကန်ဒေါ်လာ ၅၅ သန်း အသီးသီး ထည့်ဝင်ထားပြီး YG ၏ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၈ ဒသမ၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည်  LVMH  Group နှင့် L Capital တို့ နောက်ပိုင်း  တတိယနှင့် စတုတ္ထအကြီးအဆုံး အစုရှယ်ယာရှင်များ ဖြစ်သည်။

“ကျွန်တောတို့ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ရောင်းအားတွေဟာ ၃၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ခဲ့တယ်။ ဒီလိုမျိုး ဆက်လက်တိုးတက်နေလို့ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့် လုပ်ဆောင်တာဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော်တို့တွေ အနာဂတ်မှာ တရုတ်နဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်။ ကျွန်တော် တို့ရဲ့ အနုပညာရှင်တွေအတွက် တရုတ်နိုင်ငံမှာ အရောင်းမြှင့်တင်ရေးပွဲတွေနဲ့ ဖျော်ဖြေရေးပွဲတွေ တိုးမြှင့် လုပ်ဆောင်ဖို့လည်း စီစဉ်နေပါတယ်” ဟု  YG က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly