အမေရိကန် အဆိုတော် အရီနာဂရိတ်ဒ် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ပထမဆုံး အကြိမ် ထိပ်ဆုံးမှ ရပ်တည်

အမေရိကန် အဆိုတော် အရီနာဂရိတ်ဒ် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ပထမဆုံး အကြိမ် ထိပ်ဆုံးမှ ရပ်တည်

နယူးယော့ခ်၊ မေ ၂၈ ။               ။ အမေရိကန်အဆိုတော် အရီနာဂရိတ်ဒ်သည် ၎င်း၏တတိယမြောက် တေးအယ်လ်ဘမ် “Dangerous Woman” ဖြင့် ဗြိတိန် တေးအယ်လ်ဘမ်ဇယားတွင် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

“Dangerous Woman” တေးအယ်လ်ဘမ်သည် အဆိုတော် ဒရေ့ခ်၏ “Views” အယ်လ်ဘမ် ထက် အချပ်ရေ ၆၀၀ ကျော် ပိုမိုရောင်းချခဲ့ရပြီး ဇယားထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

ဒရေ့ခ်၏ “Views”တေးအယ်လ်ဘမ်သည် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး ရစ်ချက်ဒ်အ က်ရှ်ခရော့ဖ်၏ “These People” တေးအယ်လ်ဘမ်သည် တတိယနေရာတွင် ရပ်တည်နေကာ ဘီယွန်စေး၏ “Lemonade” တေးအယ်လ်ဘမ်သည် စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိသည်။

အဆိုတော် ဘော့ပ်ဒီလန်၏ ၃၇နှစ်ကြိမ်မြောက်  စတူဒီယို အယ်လ်ဘမ် “Fallen Angels” သည်  ပဉ္စမနေရာတွင် ရပ်တည်နေပြီး ထိပ်တန်း ဆယ်နေရာတွင် ပါဝင်ခဲ့သည့် ၎င်း၏ ၃၇ ကြိမ်မြောက် တေးအယ်လ်ဘမ် ဖြစ်သည်။

အဆိုတော် ဒရေ့ခ်၏ One Dance တေးသီချင်းသည် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် သီတင်းပတ်ခုနစ်ပတ်ကြာ ထိပ်ဆုံးမှရပ်တည်ခဲ့သည်။ဒရေ့ခ်၏  One Dance တေးသီချင်းသည် ၂၀၀၇ ခုနှစ်က လီအိုအာ လူးဝစ်၏  “Bleeding Love” တေးသီချင်းပြီးနောက် တစ်ကိုယ်တော် တေးသီချင်းဇယားတွင် ထိပ်ဆုံးမှ ကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည့် တေးသီချင်း ဖြစ်သည်။

“One Dance” တေးသီချင်းသည် ယခုသီတင်းပတ်၏ နားထောင်မှုအများဆုံး တေးသီချင်း ဖြစ်ပြီး ကြည့်ရှုသူ ၆ ဒသမ ၆၈ သန်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly