ပွဲဦးထွက် ဇာတ်ကားအနေနဲ့ ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားကြီးတွင် ပါ၀င်သရုပ်ဆောင် နေတဲ့ ဟယ်ရီစတိုင်

ပွဲဦးထွက် ဇာတ်ကားအနေနဲ့ ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကားကြီးတွင် ပါ၀င်သရုပ်ဆောင် နေတဲ့ ဟယ်ရီစတိုင်

နယူးယော့ခ်၊ မေ ၂၈ ။             ။ One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်ကို ဗြိတိန် ဒုတိယကမ္ဘာစစ် ရုပ်ရှင်ကား “Dunkirk” တွင် စစ်ဝတ်စုံဖြင့် သရုပ်ဆောင်နေသည်ကို တွေ့ရသည်။

မကြာမီ ထုတ်လုပ်ပြသည့် “Dunkirk” ရုပ်ရှင်ကား၏ စာရေးဆရာနှင့် ဒါရိုက် ခရစ္စတိုဖာနို လန်က ယင်းရုပ်ရှင်ကားသည် ၁၉၄၀ ခုနှစ်က ပြင်သစ်ကို တိုက်ပွဲဆင်နွှဲသော ဒုတိယကမ္ဘာစစ်အတွင်း   ပြင်သစ်နိုင်ငံ ပါရီမြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးမည့် ရုပ်ရှင်ကား ဖြစ်သည်။

ပြင်သစ်၊ ဘယ်လ်ဂျီယမ်နှင့် ဗြိတိန် တပ်ဖွဲ့ဝင် ၃၃၈၀၀၀ ကို ဂျာမန်တပ်ဖွဲ့ဝင်များ လက်မှ ကယ်တင်ခဲ့ပြီးနောက် ၇၆ နှစ်အကြာတွင် ရုပ်ရှင် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းသည် သမိုင်းတွင် အကြီးမားဆုံး စစ်ဘက်ဆိုင်ရာ ပြောင်းရွှေ့မှု ဖြစ်သည်။

ဟယ်ရီစတိုင်သည် ယင်းရုပ်ရှင်ကားတွင် တိုက်ပွဲတစ်ခု၌ ဒဏ်ရာရရှိခဲ့ပြီး လက်ကို သွေးစွန်း နေသော ပတ်တီးများဖြင့် စည်းနှောင်းထားသည့် ဇာတ်ကောင်စရိုက်ကို သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဟယ်ရီစတိုင်သည် ယင်းရုပ်ရှင်မရိုက်မီ ၎င်း၏ နာမည်ကျော်ကြားလှသော လှိုင်းတွန့် ဆံပင်များကို ညှပ်ခဲ့ပြီး ချို့တဲ့သူများ ကူညီရေးအဖွဲ့ကို လှူဒါန်းခဲ့သည်။

“Dunkirk” ရုပ်ရှပ်ကားတွင် တွမ်ဟက်ဒီ၊ ဆီလီအန်မာဖီ၊ ကန်နက်ဘရာနက်နှင့် အော်စကာ ဆုရှင် မက်ခ်ရွိုင်လက်စ်တို့လည်း ပါဝင် သရုပ်ဆောင်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required