မက်ဒရစ်မြို့သားများတွေရဲ့ မီလန်မြို့က တိုက်ပွဲ

မက်ဒရစ်မြို့သားများတွေရဲ့ မီလန်မြို့က တိုက်ပွဲ

ရီးယဲလ်မက်ဒရစ် vs အက်သလက်တီကို

=======================

၂၉-၅-၂၀၁၆(တနင်္ဂနွေနေ့ နံနက် ၀၁း၁၅)

အီတလီနိုင်ငံ၊ မီလန်မြို့ ဆန်စီရိုအားကစားကွင်း

၂၀၁၆ ခုနှစ် ယူအီးအက်ဖ်အေချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို လာမယ့် မေလ ၂၉ ရက်နေ့မှာ အီတလီနိုင်ငံ၊ မီလန်မြို့ရှိ ဆန်စီရိုအားကစားကွင်းကြီးထဲမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲကြီးက ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ကျင်းပပြုလုပ်တဲ့ ၆၁ ကြိမ်မြောက် ဥရောပအရှင်သခင် ရွေးချယ်ပွဲဖြစ်ပြီး ချန်ပီယံလိဂ်ရယ်လို့ နာမည်ပြောင်းလဲခဲ့ပြီးနောက် ၂၄ ကြိမ်မြောက် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။

ဗိုလ်လုကြမယ့် အသင်းတွေကတော့ မက်ဒရစ်မြို့အခြေစိုက်အသင်းတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပဲ ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲက နိုင်ငံတစ်နိုင်ငံတည်းက အသင်းတွေ တွေ့ဆုံကြတဲ့ ခြောက်ကြိမ်မြောက်ဗိုလ်လုပွဲ ဖြစ်ပါတယ်။ ပြီးတော့ စပိန်ကလပ်အသင်းအချင်းချင်း ဗိုလ်လုရတဲ့ သုံးကြိမ်မြောက် ဗိုလ်လုပွဲဖြစ်ပြီး မြို့တစ်မြို့တည်းက အသင်းနှစ်သင်းဗိုလ်လုရတဲ့ နှစ်ကြိမ်မြောက် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်

=========

ရီးယဲလ်၏နောက်ဆုံးသုံးပွဲ

--------------------------

ဒီပို့တီဗို ဝ-၂ ရီးယဲလ် (သရေ/ဂိုးအောက်)

ရီးယဲလ် ၃-၂ ဗလင်စီယာ (ကြေးကျ/ဂိုးပေါ်)

ရီးယဲလ် ၁-၀ မန်စီးတီး (သရေ/ဂိုးအောက်)

-------------------

ရီးယဲလ်အသင်း ဖြတ်ကျော်လာမှု အဆင့်ဆင့်

---------------------------------------------

အုပ်စုပွဲစဉ်များ

--------------

ရီးယဲလ် ၄-၀ ရှက်တာဒိုးနက်

မယ်လ်မို ဝ-၂ ရီးယဲလ်

ပီအက်စ်ဂျီ ဝ-၀ ရီးယဲလ်

ရီးယဲလ် ၁-၀ ပီအက်စ်ဂျီ

ရှက်တာဒိုးနက် ၃-၄ ရီးယဲလ်

ရီးယဲလ် ၈-၀ မယ်လ်မို

--------------------------

၁၆ သင်း ရှုံးထွက်အဆင့်

--------------------------

ရိုးမား ဝ-၂ ရီးယဲလ်

ရီးယဲလ် ၂-၀ ရိုးမား

-----------------

ကွာတားဖိုင်နယ်

------------------

ဝုဖ်ဘတ် ၂-၀ ရီးယဲလ်

ရီးယဲလ် ၃-၀ ဝုဖ်ဘတ်

--------------

ဆီမီးဖိုင်နယ်

--------------

မန်စီးတီး ဝ-၀ ရီးယဲလ်

ရီးယဲလ် ၁-၀ မန်စီးတီး

------------------------

ရီးယဲလ်အတွက် ဂိုးအများဆုံးသွင်းယူထားသူ

-----------------------

စီရော်နယ်ဒို ၁၆ ဂိုး

----------------------

ရီးယဲလ်အသင်းက ဆီမီးဖိုင်နယ်မှာ မန်စီးတီးကို နှစ်ကျော့ပေါင်း ၁-၀ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၁၄ ကြိမ်မြောက် တက်ရောက်လာတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို စံချိန်တင် ၁၀ ကြိမ် ရရှိထားတဲ့ ရီးယဲလ်အသင်းအနေနဲ့ ၁၁ ကြိမ်မြောက် ဖလားကိုင်မြှောက်ဖို့ အခွင့်အရေး ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

ရီးယဲလ်တို့ဟာ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၀၊ ၁၉၆၆၊ ၁၉၉၈၊ ၂၀၀၀၊ ၂၀၀၂ နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဗိုလ်စွဲထားတာဖြစ်ပြီး ၁၉၆၂၊ ၁၉၆၄နဲ့ ၁၉၈၁ ခုနှစ် ဗိုလ်လုပွဲတွေမှာတော့ ရှုံးနိမ့်ခဲ့ကာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ရီးယဲလ်တို့ဟာ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ၁၈ ကြိမ်အထိ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။ ယခင် ယူအီးအက်ဖ်အေဖလားပွဲတွေမှာ နှစ်ကြိမ်ဗိုလ်စွဲခဲ့ပြီး cup winners' cup ပြိုင်ပွဲမှာတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ရီးယဲလ်ရဲ့ ဥရောပပြိုင်ပွဲ မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ ဗိုလ်လုပွဲကို ရောက်ရင် ဗိုလ်စွဲခဲ့တဲ့ အကြိမ်ကများတယ်ဆိုတာ ထင်ရှားလွန်းလှပါတယ်။

ပြီးတော့ နည်းပြ ဇီဒန်း။ သူဟာ ကစားသမားဘဝတုန်းက ၂၀၀၂ ခုနှစ်မှာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ရီးယဲလ်သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဇီးဒန်းဟာ မီဂွဲလ်မူနော့ဇ်၊ ထရာပက်တိုနီ၊ ဂျိုဟန်ခရိုက်ဖ်၊ အန်စလော့တီ၊ ဖရန့်ရီကတ်နဲ့ ဂွါဒီယိုလာတို့ပြီးနောက် ကစားသမားအဖြစ်နဲ့ရော နည်းပြအဖြစ်နဲ့ပါ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့သူ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရီးယဲလ်တို့ဟာ ဒီနှစ်မှာ ချန်ပီယံလိဂ်မှာ ကိုးပွဲနိုင် နှစ်ပွဲသရေကျပြီး ဝုဖ်ဘတ်တစ်သင်းကိုသာ ရှုံးခဲ့ပါတယ်။ ဂိုးပေါင်း ၂၇ ဂိုးအထိသွင်းနိုင်ခဲ့ပြီး ၅ ဂိုးပဲ ပြန်ပေးခဲ့ရပါတယ်။

အသင်းရဲ့ ဒဏ်ရာရပွဲပယ်စာရင်းမှာလည်း နောက်ခံလူ ဗာရာနီတစ်ဦးသာ ရှိနေလို့ ဒီပွဲကို အင်ပြည့်အားပြည့် ပွဲထွက်လာပါလိ့မ်မယ်။ စီရော်နယ်ဒိုလေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာအနည်းငယ်ရာခဲ့ပေမယ့် ဘာပြဿနာမှမရှိဘဲ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြံ့ခိုင်မှု ပြည့်နေတယ်လို့ နည်းပြ ဇီဒန်းက ဆိုထားပါတယ်။ အတောင့်တင်းဆုံး ရီးယဲလ်အသင်းကို မြင်တွေ့ရမှာပါ။

အက်သလက်တီကိုမက်ဒရစ်

===============

အက်သလက်၏နောက်ဆုံးသုံးပွဲ

----------------------------------

အက်သလက် ၂-၀ ဆယ်တာဗီဂို (ကြေးအောင်/ဂိုးအောက်)

လီဗန်တေး ၂-၁ အက်သလက် (ကြေးကျ/ဂိုးပေါ်)

ဘိုင်ယန်မြူးနစ် ၂-၁ အက်သလက် (ကြေးကျ/ဂိုးပေါ်)

-------------------

အက်သလက်တီကိုအသင်း ဖြတ်ကျော်လာမှု အဆင့်ဆင့်

========================

အုပ်စုပွဲစဉ်များ

ဂါလာတာစာရေး ဝ-၂ အက်သလက်

အက်သလက် ၁-၂ ဘင်ဖီကာ

အက်သလက် ၄-၀ အက်စ်တာနာ

အက်စ်တာနာ ဝ-၀ အက်သလက်

အက်သလက် ၂-၀ ဂါလာတာစာရေး

ဘင်ဖီကာ ၁-၂ အက်သလက်

၁၆ သင်း ရှုံးထွက်အဆင့်

ပီအက်စ်ဗီ ဝ-၀ အက်သလက်

အက်သလက် ဝ-၀ ပီအက်စ်ဗီ

(ပင်နယ်တီ ၈-၇)

ကွာတားဖိုင်နယ်

ဘာစီလိုနာ ၂-၁ အက်သလက်

အက်သလက် ၂-၀ ဘာစီလိုနာ

ဆီမီးဖိုင်နယ်

အက်သလက် ၁-၀ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ် ၂-၁ အက်သလက်

အက်သလက်အတွက် ဂိုးအများဆုံးသွင်းယူထားသူ

ဂရစ်ဇ်မန် ၇ ဂိုး

အက်သလက်တီကိုအသင်းကတော့ ဘိုင်ယန်ကို အဝေးကွင်းမှာ ၂-၁ နဲ့ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာ ၁-၀ နဲ့နိုင်ထားခဲ့လို့ အဝေးဂိုးစည်းမျဉ်းအရ ဗိုလ်လုပွဲကို တက်ရောက်လာတာ ဖြစ်ပါတယ်။ အက်သလက်အသင်းရဲ့ သမိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို သုံးကြိမ်မြောက် တက်ရောက်လာခြင်းဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေတုန်းက ဗိုလ်လုပွဲကို ရောက်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်တို့ကို ရှုံးနိမ့်ခဲ့ရလို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

အက်သလက်တို့ဟာ ယူအီးအက်ဖ်အေက ကျင်းပတဲ့ အခြားပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲကို ငါးကြိမ်တက်ရောက်ခဲ့ဖူးပါတယ်။ cup winners' cup ပြိုင်ပွဲမှာ တစ်ကြိမ်ဗိုလ်စွဲပြီး နှစ်ကြိမ်ရှုံးခဲ့ကာ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ နှစ်ကြိမ်စလုံးဗိုလ်စွဲနိုင်ခဲ့ပါတယ်။

လက်ရှိအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီဟာ အက်သလက်အသင်းကို လာလီဂါမှာ ထိပ်သီးအသင်းတစ်သင်းဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သလို ၂၀၁၂ ခုနှစ်တုန်းကလည်း ယူရိုပါလိဂ်မှာ ဗိုလ်စွဲနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၄ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း ပို့ဆောင်ပေးခဲ့သူပါ။

တကယ်လို့ ဒီပွဲမှာသာ အက်သလက်အသင်း အနိုင်ရခဲ့မယ်ဆိုရင် ဆီမြွန်နီဟာ ကာနစ်ဂလီယာနဲ့ ဟာရီရာတို့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဖလားကို ရရှိတဲ့ ဥရောပတိုက်ပြင်ပက တတိယမြောက်အာဂျင်တီးနားနည်းပြ ဖြစ်လာမှာ ဖြစ်ပါတယ်။

အက်သလက်အသင်းကလည်း ဂျူဗင်တပ်၊ အေဂျက်ဇ်၊ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့ပြီးတဲ့နောက် ယူအီးအက်ဖ်အေရဲ့ အဓိကဆုဖလား သုံးခုစလုံးကို ရရှိတဲ့အသင်းအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

အက်သလက်တို့ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ၆ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ၃ ပွဲရှုံးခဲ့ပါတယ်။ ဂိုးကတော့ ၁၆ ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ၇ ဂိုး ပြန်ပေးခဲ့ရပါတယ်။ လက်ရှိအသင်းမှာ ဒဏ်ရာရပွဲပယ်ကစားသမားမရှိဘဲ အကောင်းဆုံး ၁၁ ယောက်နဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။

နောက်ဆုံးသုံးကြိမ် ထိပ်တိုက်တွေ့ဆုံမှု

ရီးယဲလ် ဝ-၁ အက်သလက်

အက်သလက် ၁-၁ ရီးယဲလ်

ရီးယဲလ် ၁-၀ အက်သလက်

-----------------------

ချန်ပီယံလိဂ်တွေ့ဆုံမှု သမိုင်း

--------------------------

ရီးယဲလ်နဲ့ အက်သလက်တို့ဟာ ယူအီးအက်ဖ်အေက ကျင်းပတဲ့ ဥရောပဖလားပြိုင်ပွဲ(ချန်ပီယံလိဂ်ပြိုင်ပွဲ)မှာ သုံးကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။ ပထမအကြိမ်က ၁၉၅၈-၅၉ ဥရောပဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံခဲ့တာပါ။ ပထမကျော့မှာ ရီးယဲလ်က ၂-၁ နဲ့နိုင်ပြီး ဒုတိယအကျော့မှာ အက်သလက်က ၁-၀ နဲ့ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီတုန်းက အဝေးဂိုးရလဒ်မရှိသေးလို့ Play off ကစားခဲ့ရာမှာတော့ ရီးယဲလ်က ၂-၁ နဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။

ဒုတိယအကြိမ်တွေ့ဆုံမှုက ၂၀၁၄-၁၅ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာပါ။ ပထမအကျော့မှာ ဝ-၀ သရေကျခဲ့ပြီး ဒုတယအကျော့မှာတော့ ရီးယဲလ်က ၁-၀ နဲ့အနိုင်ရငယ ဆီမီးကိုတက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ရီးယဲလ်တို့ ဆီမီးမှာ ဂျူဗင်တပ်ကို ရှုံးခဲ့လို့ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။

တတိယအကြိမ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ၂၀၁၃-၁၄ ဗိုလ်လုပွဲပါ။ ဒီပွဲမှာ ပွဲချိန်အတွင်း ၁-၁ သရေကျနေခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရာမှာ ရီးယဲလ်က ၄-၁ နဲ့နိုင်ပြီး ချန်ပီယံလိဂ်ဖလားကြီးကို ၁၀ ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခု စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုကရော ဘယ်လိုရလဒ်မျိုးဖြစ်လာမလဲ စိတ်ဝင်စားစရာ ကောင်းလွန်းနေပါပြီ။ ဒီပွဲအတွက် အာရှဈေးကွက်မှာ ဖွင့်လှစ်ထားတာကတော့ သရေဆို ရီးယဲလ်က ၂၀ ရှုံးပါမယ်။ ဂိုးပေါင်းကတော့ ၂ ဂိုးကို ၃၀ ရှုံးဖြစ်ပါတယ်။

အာရှဈေးကွက်နဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေမှာတော့ အက်သလက်တီကိုအသင်းကို လူကြိုက်များနေတာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးလေးကြိမ်မှာလည်း ရီးယဲလ်က တစ်ပွဲသာနိုင်ခဲ့ပြီး ကြေးအရ အောင်မြင်မှုလည်း နည်းခဲ့ပါတယ်။ လေးပွဲလုံး ဂိုးနည်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် လက်ရှိ အက်သလက်ရဲ့ ခံစစ်ပိုင်းက မာကျောတာကြောင့် ဒီလိုကြေးမျိုးထွက်လာတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အက်သလက်ရဲ့ မာကျောမှုကို ပိုသဘောကျမိပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ ရီးယဲလ်ကပဲ စံချိန်ထပ်တင်မလား အက်သလက်ကပဲ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးရယူနိုင်မလား စောင့်ကြည့်လိုက်ကြရအောင်ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required