ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် လန်ဒန်တွင် နှလုံးခွဲစိတ်ကုသမှု ခံယူရန် စီစဉ်

ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် လန်ဒန်တွင် နှလုံးခွဲစိတ်ကုသမှု ခံယူရန် စီစဉ်

မေ ၂၈ ။           ။ ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ်သည် လာမည့် မေလ ၃၁ ရက်တွင် ဗြိတိန် နိုင်ငံ လန်ဒန်မြို့၌ နှလုံး ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များနှင့် မီဒီယာများက ရေးသားဖော်ပြထားသည်။

ယခု တစ်ကြိမ် ခွဲစိတ်ကုသမှုသည် ရှာရစ်ဖ်အတွက် ငါးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ခွဲစိတ်ကုသမှု ခံယူရခြင်းပင်ဖြစ်သည်။

ဝန်ကြီးချုပ် ရှာရစ်ဖ်၏ သမီးဖြစ်သူ မာယမ် ရှာရစ်ဖ်ကလည်း ဖခင်ဖြစ်သူ ခွဲစိတ်မှု ခံယူရမည့်အကြောင်းကို တွစ်တာတွင် ရေးသားဖော်ပြထားသည်။ " ခွဲစိတ်မှု အဆင်ပြေပြေ   ချောချောမွေ့မွေ့   ဖြစ်ပါစေလို့ ပြည်သူ သန်းပေါင်းများစွာက ဆုတောင်းပေးကြမှာပါ" ဟု ၎င်းက ရေးသားထားသည်။

လာမည့် ရက်ပိုင်းတွင် နိုင်ငံ၏ ဝန်ကြီးချုပ် ဆေးရုံတက်ကာ ခွဲစိတ်မှု ခံယူရမည့်အကြောင်းကိုလည်း ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီး ခါဝါဂျာ အေဆစ်ဖ်က ပြောကြားသွားခဲ့သည်ဟု   ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

တစ်ဆက်တည်းတွင် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒါ မိုဒီကလည်း ရှာရစ်ဖ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့သည်ဟု ဆိုသည်။

ပါကစ္စတန် ဝန်ကြီးချုပ်သည် ကျန်းမာရေး အခြေအနေအရ ယခုနောက်ပိုင်းနှစ်များတွင် ဆေးကုသမှု ခံယူရန် ပြည်ပသို့ မကြာခဏဆိုသလို သွားရောက်နေခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required