အီးယူက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံ ချမှတ်

အီးယူက မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံ ချမှတ်

မေ ၂၈ ။            ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ချမှတ်ထားသော စည်းမျဉ်းဥပဒေများကို ဖီဆန်ကာ နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးကျည် စမ်းသပ်မှုများ လုပ်ဆောင်ထားခဲ့သော   မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်လိုသည့်အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့က မေလ ၂၇ ရက်တွင် နောက်ထပ် အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်လိုက်သည်။

ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ ရင်းနှီးမြုှပ်နှံမှု နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှု အသစ်များ ထပ်မံ ချမှတ်လိုက်သည်ဟု နိုင်ငံပေါင်း ၂၈ နိုင်ငံအုပ်စုက ပြောကြားခဲ့သည်။

" ပြုံးယမ်းအစိုးရရဲ့ နျူစမ်းသပ်ခဲ့မှုတွေနဲ့ပတ်သက်လို့ ဒဏ်ခတ်တဲ့အနေနဲ့ ထပ်မံ ပြစ်ဒဏ်ချဖို့ အီးယူက ဆုံးဖြတ်ခဲ့ပါတယ်၊ သူတို့ဟာ လူအမြောက်အမြားကို အစုလိုက်အပြုံလိုက်သေစေနိုင်တဲ လက်နက် စမ်းသပ်မှုတွေလုပ်ဆောင်ထားခဲ့ပါတယ်" ဟု ဥရောပ ကောင်စီမှ ထုတ်ပြန်ချက်တစ်စောင်ဖြင့် ပြောကြားသည်။

မြောက်ကိုရီးယားတို့လုပ်ဆောင်နေသမျှ လုပ်ရပ်တို့က ဒေသတွင်း လုံခြုံမှုကိုပါ ကျော်လွန်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာနေသည်ဟု အဆိုပါ အဖွဲ့က ယင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခု ထပ်မံချမှတ်လိုက်သော ပိတ်ဆို့မှုများအရ မြောက်ကိုရီးယားနိုင်ငံဆီမှ တင်ပို့လာမည့် ရေနံ ထုတ်ကုန်များနှင့် ဇိမ်ခံပစ္စည်းများကို ပိတ်ပင်သွားမည်ဖြစ်သည်။ အလားတူ စစ်ဘက် ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သော စက်ကိရိယာတပ်ဆင်ပစ္စည်းများကိုလည်း ယင်းအစိုးရထံသို့ တင်ပို့ရောင်းချခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

တစ်ချိန်တည်းတွင် အီးယူအစုအဖွဲ့တွင် မြောက်ကိုရီးယားတို့အနေဖြင့် မည်သည့် ရင်းနှီးမြုှပ်နှံမှုကိုမှ လုပ်ဆောင်၍ ရနိုင်မည်မဟုတ်ပေ။

လက်ရှိအချိန်တွင် မြောက်ကိုရီးယားလေကြောင်းလိုင်းမှ မည်သည့်လေယာဉ်မဆို အီးယူ အဖွဲ့ နယ်မြေတွင်းသို့ ဖြတ်ပံျသန်းခြင်း နှင့် ဆင်းသက် ခြင်းတို့ကိုလည်း ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required