ကင်ဟာနူးလ်နဲ့ လီဆောင်ယွန်းတို့ ဒရမ်မာဇာတ်ကားသစ်တွင် ပါ၀င် သရုပ်ဆောင် သွားမည်

ကင်ဟာနူးလ်နဲ့ လီဆောင်ယွန်းတို့ ဒရမ်မာဇာတ်ကားသစ်တွင် ပါ၀င် သရုပ်ဆောင် သွားမည်

တောင်ကိုရီးယား မင်းသမီး ကင်ဟာနူးလ်နှင့် လီဆောင်ယွန်းတို့က KBS ရုပ်သံ၏ မကြာမီ ထုတ်လွှင့်ပြသသွားမည့် “Going to the Airport” ဒရမ်မာဇာတ်ကားသစ်တွင် ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှ ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဒရမ်မာဇာတ်ကားတွင် ကင်ဟာနူးလ်သည် လေယာဉ်မယ် Choi Soo Ah အဖြစ် သရုပ်ဆောင် သွားမည်ဖြစ်သည်။ Choi Soo Ah သည် လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ဆယ်နှစ်အရွယ် သမီးတစ်ယောက် မိခင်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ်တွင် Seo Do Woo နှင့် တွေ့ဆုံခဲ့ပြီး ၎င်း၏ဘ၀ ပြောင်းလဲခဲ့ပုံကို ပုံဖော်ထားသည်။

လီဆောင်ယွန်းသည် ဗိသုကာကျောင်းတွင် ကထိကတစ်ဦးဖြစ်ပြီး တုန်လှုပ်ဖွယ် မတော်တ ဆမှုကြောင့် ဇနီးဖြစ်သူနှင့် ကလေးတို့ဆုံးရှုံးခဲ့ရသည့် သူတစ်ဦးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ လီဆောင်ယွန်း ဝမ်းနည်းဖွယ်ဖြစ်ရပ်နှင့် ကြုံတွေ့နေစဉ် ၎င်း၏ ဘဝထဲကို Choi Soo Ah ရောက်လာခဲ့သည်။

အဆိုပါ ဒရမ်မာဇာတ်ကားသည် SBS ရုပ်သံ၏ “A Gentleman’s Dignity” ဇာတ်ကားပြီး နောက် လေးနှစ်တာကာလအတွင်း ကင်ဟာနူးလ်၏ ပထမဆုံး ဒရမ်မာဇာတ်ကားဖြစ်သည်။ လီဆောင်ယွန်းသည် “Liar Game” နှင့် “Twenty Again” ကဲ့သို့သော ဒရမ်မာဇာတ်ကား အများအ ပြားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required