အယ်လ်တန်ဂျွန်နှင့် ရုရှသမ္မတ ပူတင်တို့ တွေ့ဆုံသွားမည် မဟုတ်ဟု ခရင်းမလင်း နန်းတော် ပြောကြား

အယ်လ်တန်ဂျွန်နှင့် ရုရှသမ္မတ ပူတင်တို့ တွေ့ဆုံသွားမည် မဟုတ်ဟု ခရင်းမလင်း နန်းတော် ပြောကြား

ရရုရှသမ္မတ ပူတင်သည် ယခုလ အယ်လ်တန်ဂျွန် ရုရှသို့ အလည်အပတ်လာရောက်စဉ် အယ်လ်တန်ဂျွန်နှင့် တွေ့ဆုံသွားနိုင်မည်မဟုတ်ကြောင်းနှင့် နှစ်ဦးသား၏ အစီစဉ်များအရ တွေ့ဆုံရန် အချိန်မှာ အဆင်ပြေနိုင်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း ခရင်းမလင်းနန်းတော်က မေ ၂၆ ရက်တွင် ပြောကြားသည်။

အယ်လ်တန်ဂျွန်သည် ရုရှနိုင်ငံတွင် ဂေးအခွင့်အရေးနှင့် စပ်လျဉ်း၍ ၎င်း၏ စိုးရိမ်ပူပန်မှုများကို ဆွေးနွေးလိုကြောင်း မေတ္တာရပ်ခံခဲ့ပြီးနောက်  ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ရုရှသမ္မတ ပူတင် သည် တွေ့ဆုံရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း အယ်လ်တန်ဂျွန်ကို ဖုန်းဖြင့် ပြောကြားခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်တွင် တွေ့ဆုံပွဲလုပ်ရန် အဆင်မပြေနိုင်တော့ကြောင်း ခရင်းမလင်းနန်း တော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကို့ဗ်က စာနယ်ဇင်းများနှင့် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

“သမ္မတ ပူတင်နဲ့ အယ်လ်တန်ဂျွန်တို့ တွေ့ဆုံဖို့ အဆင်မပြေတော့ပါဘူး။ ဒါပေမဲ့ ဒါဟာ နောက်တစ်ခါ ဒီလို တွေ့ဆုံမှုကို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုတ ာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အယ်လ်တန်ဂျွန်သည် ၎င်း၏ ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ် အစိတ်အပိုင်းတစ်ရပ်အဖြစ် ရုရှနိုင်ငံရှိ မော်စကို ရှောပင်းနှင့် ဖျော်ဖြေရေးစင်တာ၌ မေ ၃၀ ရက်တွင် ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly