ခေါင်းဆောင်ကောင်းတစ်ဦးအတွက် ကိုယ်ကျင့်တရားအရေးကြီးကြောင်း မင်းကိုနိုင်ထောက်ပြ

ခေါင်းဆောင်ကောင်းတစ်ဦးအတွက် ကိုယ်ကျင့်တရားအရေးကြီးကြောင်း မင်းကိုနိုင်ထောက်ပြ

ရန်ကုန်၊ မေ ၂၇။  ။ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ရန် ကိုယ့်ကျင့်တရားကောင်းမွန်ရေးသည် အရေးကြီးကြောင်း ၈၈မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင် ဦးမင်းကိုနိုင်က ထောက်ပြခဲ့သည်။

မေ ၂၇ရက်က IBCတွင် ကျင်းပသည့် Thapyae Foundation ၏ Community Leadership & Social Studies (Class) ကျောင်းဆင်းပွဲအားတွင် တိုင်းရင်းသား ကျောင်းသူကျောင်းသားများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများအနေဖြင့် မည်သည့်ပညာကို ဆည်းပူးသည်ဖြစ်စေ၊ မည်သည့်အလုပ်ကို လုပ်ကိုင်သည်ဖြစ်စေ ကိုယ်ကျင့်တရားကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း ဦးမင်းကိုနိုင်က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံတွင် တိုင်းရင်းသားများအား ခွဲခြားဖိနှိပ်မှုများရှိပြီး အခွင့်အရေး၊ ရာထူးမပေးမှုများ ရှိနေခြင်းတို့ကြောင့် တိုင်းရင်းသားလူမျိုးများ ပြည်ပကိုထွက်ကာ နိုင်ငံတကာတွင် အလုပ်သွားရောက် လုပ်ကိုင်ခြင်း၊ ပညာဆည်းပူးခြင်းများကို တွေ့မြင်နေရကြောင်း ၎င်းက ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်သားရေးရာဝန်ကြီးဖြစ်သူ နော်ပန်းသဉ္ဇာမျိုးကလည်း ခေါင်းဆောင်အမျိုးမျိုးရှိပြီး ခေါင်းဆောင်တိုင်း ဦးဆောင်သူ မဟုတ်ကြောင်း နှင့် ခေါင်းဆောင်ကောင်းဖြစ်ရန်ထက် ကိုယ်ကျင့်တရားကောင်းမွန်ရေးသည် အရေးကြီးကြောင်း၊ နောက်လိုက်ကောင်းများဖြစ်ရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly