ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါစီးနင်းခဲ့သော မော်တော်ဘုတ် တိမ်းမှောက်၊ သုံးဦးသေဆုံးကာ တစ်ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါစီးနင်းခဲ့သော မော်တော်ဘုတ် တိမ်းမှောက်၊ သုံးဦးသေဆုံးကာ တစ်ဦး ပျောက်ဆုံးနေ

မေ ၂၇ ။                ။ ထိုင်းနိုင်ငံ တောင်ပိုင်း ခိုဆာမွိုင် ကျွန်းအနီး ပင်လယ်ပြင်တွင် မေလ ၂၇ ရက်က ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လိုက်ပါစီးနင်းလာသော စပိဘုတ်တစ်စီး တိမ်းမှောက် နစ်မြုှပ်မှု ဖြစ်ပွားပြီး နိုင်ငံခြားသား သုံးဦးသေဆုံးခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အလားတူ နောက်ထပ် ဗြိတိန်နိုင်ငံသား တစ်ဦးလည်း ပျောက်ဆုံးနေလျက်ရှိကြောင်း သိရသည်။

ရာသီဥတု ဆိုးရွားခဲ့ခြင်းကြောင့် ယခုကဲ့သို့ စပိဘုတ်တိမ်းမှောက်ခဲ့ခြင်းကြောင့် ကမ္ဘာ့လှည့်ခရီးသွားအမျိုးသမီး သုံးဦးသေဆုံးသွားခဲ့သည်။ ၎င်းတို့မှာ ဗြိတိန်၊ ဂျာမနီ နှင့် ဟောင်ကောင်နိုင်ငံသူ များဖြစ်ကြသည်ဟု ရဲများက ပြောသည်။

အဆိုပါ ရေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၃၂ ဦး နှင့် ရေယာဉ်အမှုထမ်း သုံးဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

" စပိဘုတ် နစ်ရတဲ့အကြောင်းရင်းကို စုံစမ်းကြည့်ရာမှာတော့ ရာသီဥတု ဆိုးနေခဲ့တာရယ်၊ ရေယာဉ်က မြန်နှုန်းမြင့်လွန်းနေခဲ့တဲ့အချက်တွေကို တွေ့ရပါတယ်၊ ခုချိန်ထိ ဗြိတိန်အမျိုးသားတစ်ဦး ပျောက်နေဆဲပါ" ဟု ဆူရတ်ဌာနီ ခရိုင်ဒေသမှ ရဲမှူး အပီချတ် ဘွန်ဆရီရိုက ပြောသည်။

အုန်း ဓနိတောများဖြင့် သာယာလှပသော ကမ်းခြေများ၊ ရာသီဥတု နွေးထွေးသာယာပြီး ထင်ပေါ်ကျော်ကြားသည့် ဒေသထွက် အစားအသောက်များစွာ ရရှိနိုင်သော ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ မကြာခဏဆိုသလို လာရောက်လည်ပတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required